(127) နှစ်ယောက် ခန်း ၁
လုယက်မယ်?
အောင်းဝ်ဝူ လေး က အတော်လေး ရှုပ်ထွေး သွားလေတယ်။ သူမ က နျင်းချု ဘာကို ဆိုလို ချင်တာ လဲ ဆိုတာ ကို အတော်လေး နားမလည် ခဲ့ပါပေ။
တစ်ခြား နဂါးလေး တွေက လည်း ပုံစံတူပဲ တုံ့ပြန် ခဲ့ ကြပါတယ်။ ဒါပေမယ့် အရမ်းကို စိတ်လှုပ်ရှား တက်ကြွနေတဲ့ အောင်းဝ်အာ့ တစ်ယောက် ကတော့ ချွင်းချက် ပေါ့လေ။
''အာဝူး! ''
သွားမယ် ၊သွားမယ် သွားလုပ်စို့!
ဝူးယူး ဒီလိုမျိုး သိပ်ပြီးတော့ မရင်းနှီးသေးတဲ့ စကားလုံးကို စိတ်ထဲမှာ ထပ်တလဲလဲ ရွတ် ပြီးတော့ အဓိပ္ပါယ် ကို ခန့်မှန်း ကြည့်လိုက် လေတယ်။
'' မင်း ပြောတာ က အဲ့ နဂါးတွေကို သွားပြီး ကယ်ဆယ်လို တယ် ဆိုတာ ကိုလား? ''
'' သေချာတာ ပေါ့ ငါက အဲ့နဂါး တွေကို ကယ်ချင် တယ်လေ ''
နျင်းချု က ဆက်ကာ ပြောလိုက် လေတယ်။
'' ပြီးတော့ လမ်း တစ်လျောက် မှာလည်း လုပ်စရာ တစ်စုံ တစ်ခု ရှိသေးတယ်လေ ''
ချက်ကျောင်း က အတော်လေး ကို ချမ်းသာ လေတယ်။ သူက အဲ့တာ ကို နောက်ဆုံး တစ်ခေါက် ကတည်း က ရှာတွေ့ ပြီးသား အချက် တစ်ခု ပဲ ဖြစ်လေတယ်။
ပြီးတော့ အခုလို ကျောင်းကနေ ထွက်လာ ပြီးတဲ့ အတောအတွင်းမှာ တစ်ခြား ဝင်ငွေ ရလမ်း တစ်ခု ကို သူရှာလို့ မတွေ့ သေးဘူးလေ။ နောက်ပြီး သူက ချက်ကျောင်း က လူတွေ နဲ့ ဆန့်ကျင် လိုက်ဖို့ကို ဆုံးဖြတ် ပြီးပြီ ဆို ကတည်းက သူက ချက်ကျောင်း လက်ထဲ က နဂါးတွေကို သွား ကယ်တော့မှာလေ။ အဲ့အချိန် ကျရင် ဘာကြောင့်များ သူတို့ ရှိကနေ ရသလောက် ကို တူးထုတ် ယူ မသွားစရာ အကြောင်း ရှိမှာ တဲ့လဲ?
အခုချိန်မှာ အနည်းငယ် အဆင်မပြေ မှုတော့ ရှိလေတယ်။ အဲ့တာ က ဘာအကြောင်း လဲ ဆိုတော့ တောအုပ်ထဲက နဂါးတွေ အကုန်လုံး ကို ဖမ်းဆီး ပြီးသွားပြီ ဆိုရင် ဒီမွေးကင်းစ နဂါးပေါက်စ လေး သုံးကောင် ကို သူတို့ သွားရာ နေရာတိုင်း ကို ယာယီ ခေါ်ဆောင် သွားရ မှာ မလို့ပဲ ဖြစ်လေတယ်။
![](https://img.wattpad.com/cover/330874052-288-k638483.jpg)
BINABASA MO ANG
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Randomနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...