မိိတ်ဆက်

14.7K 603 16
                                    

(0)

ကျောက်ချင်း က အသားကင်ဘာဘီကျူး ရောင်းတဲ့ လူဆိုးကောင် ပဲ ဖြစ်တယ်။

သူက ရဲ့ လက်ရာတွေက အရမ်းကောင်းပေမယ့် သူက ဂန်းစတား တစ်ယောက်လဲ ဖြစ်နေပြန်ပါရော ။ သူ့ရဲ့ နောက်လိုက်ညီငယ် လေးတွေ အကုန်လုံး  က သူ့ကို ' လောင်တ ' ( အကိုကြီး)  လို့သာ ခေါ်ကြလေတယ်။

ကျောက် လောင်တ တစ်ယောက် ပင်လယ်ပြင်ထဲကို သွားတဲ့ အခါ မုန်တိုင်းမိပြီးတော့ ပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့လေတယ်။

ဒါပေမယ့် ကျောက် လောင်တ က ကံအရမ်းကောင်း ခဲ့ပြီးတော့ သူက မသေသွားခဲ့ပါဘူး။

ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ သူ့ဘေးနားမှာ အသက် ၁၆ ဒါမှမဟုတ် ၁၇ လောက်ပဲ ရှိသေးတဲ့ ကောင်ငယ်လေး က ဒူးထောက်ထိုင်နေကာ သူ့ကို အရေးပေါ် အသက်ကယ် လေရှုသွင်း ပေးနေတာကို တွေ့လိုက်ရတယ်။

တစ်ကိုယ်တည်း လူပျိုကြီး ကျောက်လောင်တ ခမျာ အနည်းငယ် ပြာယာခက်သွား လေရဲ့!

ရောက်ရှိလာတဲ့ ရွာသားများ: ကျောက်ချင်း မင်းကို အသက်ကယ်ပေးတဲ့ မင်းရဲ့ ခင်ပွန်းကို ကျေးဇူးတင်လိုက်!

ကျောက်လောင်တ: ..!????

( ကျောက်လောင်တ =အကိုကြီးကျောက်)

......................

(စနေ့နေ့တိုင်း update ရှိမည် ။ ပျော်ရွှင်စရာ ဧပရယ်ဖူးဒေးပါ)

တံငါသည် (BL) Where stories live. Discover now