(14. 3)
ကျောက်ချင် က ဒီဘက်ကို ခဏခဏ လှမ်းခိုးပြီးတော့ ကြည့်နေတဲ့ မျက်လုံး ဝိုင်းဝိုင်း ကြီးတွေ ရှိတဲ့ ကလေးမလေး ကို ကြည့်လိုက်တယ်။
သူမ လေး က မျက်တောင် မခတ်တမ်း ကြည့်နေတဲ့ အတွက်ကြောင့် အသားကို စားလို ဟန် အား လုံးဝ ဖုံးထားလို့ မရပါပေ။
'' ကောင်းပြီ ''
ကျောက်ချင် က ဓားကို သွားယူကာ အသားကို လေးပိုင်း ခွဲလိုက်တယ်။ ပြီးတော့ အဲ့ထဲက နှစ်ခုကို ဟော်မောင် နှမ ကို ပေးလိုက် တာကြောင့် နှစ်ခု ကျန်လေတယ်။
ကျောက်ချင် က သူ့ဝေစု ထဲက တစ်ဝက် ကို ခွဲလိုက် ပြီးတော့ ကလေး မလေး ကို တစ်ဝက် ပေးလိုက်လေတယ်။ ဆိုတော့ ပန်းကန် ထဲမှာ တစ်ခု နဲ့ တစ်ဝက် သာ ရှိတော့တယ်။
ကျိုးကောအာ က တစ်ခုရဲ့ တစ်ဝက် ပဲ ရှိနေတဲ့ ပန်းကန် ထဲကို သူ့လက်ထဲ ယူလိုက်ကာ တစ်ခု ရှိတဲ့ ပန်းကန် ကိုတော့ ကျောက်ချင် ဆီကို ကမ်းပေး လိုက်လေတယ်။
'' မင်း ဘာလုပ်တာ လဲ?''
ကျောက်ချင် က လက် ကို ဆန့်ထုတ်ကာ ကျိုးကောအာ ကို ပြန်တိုးပေးရင်း မေးလိုက်လေတယ်။
သူက နည်းနည်း ပဲ စားလို့ ရပါတယ်။ အဲ့အခါ ကျရင် သိပ်ပြီးတော့ မဆာ တော့ဘူး ပေါ့။
ကျိုးကောအာ က ငြင်းပယ်လိုက်တယ်။
'' ငါ က ခြေထောက် မကောင်းတဲ့ အတွက်ကြောင့် ငါအပြင် ထွက်ပြီးတော့ အစာ မရှာ နိုင်ဘူးလေ။ တကယ်လို့ ငါ နည်းနည်း ပဲစားလဲ သိပ်ကိစ္စမရှိဘူးလေ''
''မရ ပါဘူး ''
ကျောက်ချင် ကစူးရဲ စွာ ပြောလိုက်တယ်။
ထိုအချိန်မှာ ဟော်လင်းလင်း က လည်း ပန်းကန် တစ်လုံး ထိုးပေးလာခဲ့တယ်။
'' အကိုကျောက် ငါ့ ပန်းကန် ကို စားလိုက်ပါ။ ငါက အစားနည်း ပါတယ်'''
ကျောက်ချင် က မျက်မှောင် ကြုတ်လိုက် လေတယ်။
သူမက ဘာလုပ်ချင် နေတာလဲ။
သူက ဟော်ဆန်းအာ ကို ကြည့်လိုက် လေတယ်။ ဟော်ဆန်း အာ ကလည်း အဲ့တာကို မြင်သွားလေတယ်။
VOUS LISEZ
တံငါသည် (BL)
Fiction HistoriqueName - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no abused ၊ 1vs 1 ၊ male wife ၊ acient time business ၊ #is_not_my_own #just_translation စနေ နေ့တိုင်း တ...