အပိုင်း (6. 2)

2.8K 394 7
                                    


(6. 2)

ဟော်ဆန်းအာ နဲ့ အတူ အဝေးကို လျောက်သွားနေတဲ့ ကျောက်ချင် က အနောက်ကို ပြန်လှည့်ကာ သူ့ရဲ့ မျက်ခုံးထူထူကို ပင့်လိုက်ပြီးတော့ ပြောလိုက်တယ်။

'' တစ်စုံတစ်ခုများ မှားလို့လား?''

သူမက စကားပြောဖို့ အံကို ကြိတ်လိုက်တယ်။

ကျောက်ချင် က သူမကို သံသယဝင်စွာ ကြည့်လိုက်ပြီးတော့ ဘေးနားက ရပ်နေဆဲ ဖြစ်တဲ့ ကျိုးကောအာ ဆီကို အကြည့်တွေ ရောက်သွားလေတယ်။

''ရှောက်ယု မင်းက အဲ့နေရာမှာ ဘာလုပ်နေတာလဲ! ''

ကျိုးကောအာ က မြန်မြန်လေး ရွေ့ရှားလိုက်တယ်။ ချောင်ဖန် ကလည်း ရှက်ရွံ့တယ်လို့ ခံစားရတဲ့ အတွက်ကြောင့် ခြင်းတောင်း ကို ကိုင်ကာ အဝေးကို ထွက်​ပြေး သွားတော့တယ်။

ကျောက်ချင် နဲ့ ဟော်ဆန်း အာ တို့က တစ်ခဏလောက် လမ်းလျောက် ခဲ့လေတယ်။

'' ကျောက်ချင် မင်းကိုယ်မင်း လေ့ကျင့်သင့်တယ်။ ပြီးတော့ ပုရွက်ဆိတ်တစ်ကောင် လို လမ်းလျောက် စမ်းပါ ''

ကျောက်ချင် က ဟော်ဆန်းအာ ပြောတာကို ပြန်လည်း မခုခံ ခဲ့သလို ငြင်းလည်း မငြင်းခဲ့ ပါပေ။ သူက အနောက်ကို အချိန်တိုင်း လှည့်ကြည့် နေပြီးတော့ လိုက်လာခဲ့တယ်။

ကျိုးကောအာ က လမ်းကို ဖြေးဖြေးချင်း လျောက်နေတဲ့ အတွက်ကြောင့် သူက အနောက်ကို ခဏခဏ လှည့် ကြည့်နေခဲ့ ရတာ ဖြစ်လေတယ်။

'' ငါ့အိမ်မှာ ဒီည လာစားတာက အဆင်ပြေ ရဲ့လား? ငါ့ရဲ့ လက်မှု စကေးတွေ ကတော့ မဆိုးဝါးဘူး။ မင်းစမ်းကြည့် ချင်လား? ''

ကျောက်ချင်က အရမ်းကို ပွင့်လင်းလေတယ်။ သူက ဟော်ဆန်းအာနဲ့ အတူ ညစာစား ချင်နေလေတယ်။ သူက ဒီနေရာမှာပဲ နေတော့မယ် ဆိုကတည်းက ဟော်ဆန်း အာ လိုမျိုး သူငယ်ချင်းမရှိပဲ နေလို့ မရနိုင်ဘူး လေ။

ဒီလူက တကယ် မဆိုးပါဘူး ။ သူတို့ သူငယ်ချင်း လုပ်ပြီးတဲ့ အခါကျရင် အရာအားလုံးကို ဂရုစိုက် ပေးလိမ့်မယ်။

ဟော်ဆန်းအာ က လက်တစ်ဖက်ကို ထုတ်ကာ ခေါင်းကို ကုတ်ပြီးတော့ ပြောလိုက်လေတယ်။

တံငါသည် (BL) Tempat cerita menjadi hidup. Temukan sekarang