အပိုင်း (3. 2)

2.5K 361 0
                                    

(3. 2)

ထိုအကြောင်းကိုလည်း ကြားတော့ ကျောက်ချင်က စိတ်ပူပြီးတော့ သူ့ရဲ့ အသံက စိတ်ဆိုးတာလား ဆိုတာတောင် မသိတော့ပဲ ဆူလိုက်မိတယ်။ ကျိုးကောအာ ကတော့ ခေါင်းလေး ငုံ့ကာ ဘာမှ မပြောတော့ပေ။

သူက သက်ပြင်းချ လိုက်တယ်။ အခန်းထဲမှာ သွေးနံ့တွေ ရှိနေဆဲပဲ။ သူက မနေ့က ကြမ်းပြင်ကို သုတ်တဲ့ အဝတ်စုတ်ကို တွေ့ပြီးတော့ အခုသွေးတွေ ကိုလည်း ရှင်းလင်းလိုက်လေတယ်။ သူက စျေးထဲကို သွားဖို့ ဆုံးဖြတ် လိုက်လေတယ်။

သူမနေ့ည က သူအိပ်ယာ ဝင်တဲ့ အချိန်မှာတော့ ခေါင်းအုံးအောက် က ငွေတုံး နှစ်ခု ကို တွေ့ခဲ့ရတယ်။ အဲ့တာက မူရင်း ကိုယ်ရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်ရမယ်။

သူက ကျိုးကောအာ ကို စျေးသွားတဲ့ လမ်း ကို မေးပြီးတဲ့နောက် ကျိုးကောအာ က အစောက ခုံလေးမှာ ပဲ ကျုံ့ကျုံ့လေး ထိုင်နေပြီးတော့ သူ့ကို ကြည့်ရတာ မြင်ရသူတိုင်း သနားစိတ်လေး တွေကို ပေါ်လာစေတယ်။

'' မင်း အိမ်မှာ ကောင်းကောင်း နေခဲ့။ လျောက်ပတ်ပြီးတော့ ပြေးမနေနဲ့။ ငါစျေးကို သွားလိုက်အုံးမယ်။ ငါမကြာခင်ပဲ ပြန်လာမှာနော် ''

ကျိုးကောအာ က တုံ့ပြန်လိုက်တယ်။ ကျောက်ချင် က လက်ဗလာနဲ့ လမ်းလျောက် ထွက်သွား တော့မှာကို တွေ့တော့ ကျိုးကောအာဟာ တစ်ခဏလောက် တုံ့ဆိုင်း သွားပြီးတော့ နောက်ကျော ဘက်ကနေ ကျောက်ချင်ကို လှမ်းအော် ပြောလိုက်လေတယ်။

'' ငါ ဖမ်းလာတဲ့ ငါး ၃ ကောင်ရှိတယ်။ ခများ အဲ့တာကို စျေးကို ယူသွားပြီးတော့ ရောင်းလို့ ရတယ် ''

ကျောက်ချင် က အပြင်ရောက်တော့ စည်ပိုင်းလေးထဲ မှာ ငါးတွေထည့်ထားတာ ကို တွေ့လိုက်ရတယ်။ သူက လက်ကို ခါယမ်းပြီးတော့ ပြောလိုက်လေတယ်။

'' မလိုဘူး။ အဲ့တာကို မင်းဘာသာ မင်းပဲ သိမ်းထားပါ''

တကယ်လို့ ကိုယ်စားဖို့ အတွက်သာ သိမ်းထားမယ်ဆို ကျိုးကောအာ က ငါးအသား အနည်းငယ်လောက်တော့ စားလို့ ရပြီလေ။ တကယ်လို့ ကျောက်ချင် ကသာ အဲ့တာတွေကို ငွေနဲ့ လဲဖို့ ယူသွားမယ် ဆိုရင်တော့ ကျိုးကောအာ ခမျာ ငွေတုံး မပြောနဲ့ ကျောက်ချင်တီ က ဘာအရိပ်တောင်မှ ပြန်ရ မြင်ရ တော့မှာ မဟုတ်ပါပေ။

တံငါသည် (BL) Where stories live. Discover now