အပိုင်း (23. 2)

1.7K 273 4
                                    

(23.  2)

ချောင်ဖန် က သူမရဲ့ မျက်ရည်တွေ ကို သုတ်လိုက်တယ်။

'' သမီး ဒီလို သရဲလို နေရာ ကြီး ကနေ ပြီးတော့ အမြန်ဆုံး  ထွက်သွား ချင်နေပြီ။ အဲ့လိုမှ မဟုတ်ရင် တစ်ခြားသူတွေက ငါတို့ အရှက်ရတာ ကို မြင်သွားကြ လိမ့်မယ်! ''

ချောင်ကျုံ က စကား တစ်ခွန်းမှ မပြောတော့ ပါပေ။ သူမလည်း သွားစရာ နေရာ ရှိရင် အခုချိန်မှာ အဲ့လူတွေနဲ့ အတူတူ ရှိနေချင်တာ မဟုတ်ပေ။ သူတို့နှစ်ယောက် အထဲ ကို ဝင်သွားတဲ့ အခါမှာတော့ အမျိုးသား တစ်ယောက် နဲ့ မျက်နှာချင်း ဆိုင်မိ သွားလေတယ်။

အဲ့တာ က ရွှယ်ယောင် ပါပေ။ ရွှယ်ယောင် က သူမ တို့ကို ပြုံးပြ လိုက်တယ်။ ကြည့်ရတာ ကတော့ သူမ တို့နှစ်ယောက် ပြောနေတာကို ကြားသွား တယ်နဲ့ တူပါတယ်။

အမေ နဲ့ သမီး တို့က အချင်းချင်း လက်တွဲထားလေတယ်။ ချောင်ကျုံ က ရွယ်ယောင် ကို တွေ့ရတာ ကို ရှက်ရွံတယ် လို့တောင် မခံစား ရပဲနဲ့ သူမရဲ့ သမီး လက်ကို ဆွဲကာ ဂူ အထဲကို ဝင်သွား တော့လေတယ်။ 

ရွှယ်ယောင် ရဲ့ အပြုံး မျက်နှာ ထဲမှာတော့ သူတို့ သားအမိတွေက အဝေးကို အမြန် ထွက်ပြေးလုနီးပါး ဖြတ်သွား တယ်လို့ပဲ မြင်နေခဲ့လေတယ်။

ကျောက်ချင် က ဂူထဲကို ပြန်ရောက်တဲ့ အခါ မှာတော့ လူတိုင်း က အစားအစာ တွေ ချက်ပြီး နေကြ ပြီပဲ ဖြစ်လေတယ်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက် တဲ့ အခါမှာတော့ ကျိုးကော အာကို မတွေ့ ရပါပေ။

'' ရှောင်းရှောင်း ၊ အကိုရှောက်ယု ကို မတွေ့ဘူး  လားဟင်? ''

လီရှောင်းရှောင်း က ညွှန် ပြကာ ပြောလိုက်တယ်။

'' အကို ရှောက်ယု က အပြင်ကို ထွက်သွားတယ် ''

ကျောက်ချင်က အပြင်ကို တစ်ချက် ကြည့်လိုက်ပြီးတော့ သွားဖို့ လုပ်လိုက်လေတယ်။ ဒါပေမယ့် တစ်စုံတစ်ခု ကို ရုတ်တရက် သတိရသွားတဲ့ အတွက်ကြောင့် သူက လီရှောင်းရှောင်း ရဲ့ ဘေးနားလေး ကို ပြန်လာ ကာ ငုတ်တုပ်ထိုင် လိုက်ပြီးတော့ ပြောလိုက်တယ်။

''ရှောင်းရှောင်း ၊ အခုချိန်ကနေ စပြီးတော့ အကိုကြီး ကို အကိုကျောက် လို့ မခေါ်နဲ့တော့ နဲ့နော်။ ''

တံငါသည် (BL) Where stories live. Discover now