အပိုင်း (19 .1)

2.4K 337 0
                                    

(19. 1)

ညနေခင်း မှာတော့ မိုးရွာတာ က ရပ်တန့်သွားလေတယ်။ ပြီးတော့ နေရောင်ခြည် ပါးပါးလေး က ထူထဲ နေတဲ့ သစ်ရွက်တွေ ကြားထဲ ကနေ ဆင်းသက် လာခဲ့ လေတယ်။

ဂူထဲကို ဝင်ပြီး ဓားပြတိုက် လုယူ ပြီးတဲ့ နောက် လူတိုင်းရဲ့ နှလုံးသား တွေ က လစ်လပ် သွားကြ ပြီပဲ ဖြစ်လေတယ်။

ကျောက်ချင် က သူတို့ကို ရက်စက် မှု တစ်ခု ကို ထုတ်ပြ ခဲ့ပေမယ့် သူ့တို့ရဲ့ နှလုံးသား တွေ ကတော့ တကယ်ပဲ ခံနိုင်ရည် ရှိခဲ့ပါတယ်။

ဒါပေမယ့် ဘယ်သူ့ အတွက်မှ မှတ်ဉာဏ်ကောင်း တစ်ခု မရ ခဲ့ပါပေ။ အထူးသဖြင့် ဒီမနက်ခင်း ပိုင်းမှာ ပေါ့လေ။

သူက မြစ်ဆီကို သွားကာ ငါး တစ်ချို့ ဖမ်းဖို့ လုပ်လိုက် လေတယ်။ ငါး ကလည်း အသီးထက်တော့ ပိုပြီးတော့ မကောင်းနိုင် ပါပေ။

ကျောက်ချင်နဲ့ တစ်ခြား သူတွေ ငါးဖမ်းဖို့ ထွက်သွား မယ့်  အခါမှာတော့ မနက်ကထက် လူတွေ အများကြီး ဂူထဲမှာ ကျန်နေခဲ့ မှာပဲ ဖြစ် လေတယ်။ ပြီးတော့ အမျိုးသမီး အနည်းငယ် နဲ့ ကောတစ်ချို့ တို့ကသာ အသီးအရွက် တူးဖို့ ထပ်သွား ကြ မှာပဲ ဖြစ် လေတယ်။

'' မင်းလည်း သွားပြီးတော့ လမ်းလျောက် သွားချင်သေးလား? ''

ကျောက်ချင် က လူအိုကြီး လီ ရက်ထားတဲ့ ခြင်းတောင် တစ်ခုကို ယူကာ အပြင် က ရာသီ ဥတုကို ကြည့်လိုက်ကာ မြေပြင်ပေါ် မှာ ထိုင်နေတဲ့ ကျိုးကောအာ လေးကို ကြည့်လိုက်လေတယ်။

ကျိုးကောအာ က အနည်းငယ် အံဩ မိသွားလေတယ်။ ပြီးတော့ ကျောက်ချင်က ခါတိုင်းဆို သူ့ကို ဘယ်မှ မလွတ်ဘူးလေ။ ဒါပေမယ့် ဒီနေ့မှာတော့ သူ့ကို ကျောက်ချင် က အပြင်ထွက် ပြီး လမ်းလျောက် ချင်လား လို့ တောင် မေးလိုက် သေးလေတယ်။

'' တကယ်လို့ ငါ အပြင်ထွက်တဲ့ အခါ ခများကို အကူအညီ မ ပေးနိုင်မှာ ကို ကြောက်ရွံ့ မိပါတယ်။ ''

'' အဆင်ပြေ ပါတယ်။ မင်းက ဂူထဲမှာ ပဲ နေရတာ နှစ်ရက်တောင် ရှိသွားပြီလေ။ တကယ်လို့ မင်း ပျင်းနေ ပြီ ဆို ကိုယ်က မင်းကို အပြင် ခေါ်သွား ပေးနိုင် ပါတယ် ''

တံငါသည် (BL) Where stories live. Discover now