အပိုင်း (11.1)

2.3K 383 10
                                    

(11.1)

နေမင်းကြီး က ဆောင်းဦးနှောင်းပိုင်း အချိန်မှာ ရှိတာနဲ့ နွေရာသီ အချိန်မှာ ရှိတဲ့ ပုံတွေက အတော်လေး ကို ကွဲပြားလေတယ်။ သူ့ရဲ့ ပူပြင်းမှု က အတော်လေး ကို လျော့ကျသွား ပြီးတော့ ပတ်ဝန်းကျင်ကို အတော်လေး နွေးထွေးစေတယ်။

ကျောက်ချင် က ကမ်းခြေ မှာ ခြေဗလာ နဲ့ လဲလှောင်းနေပြီးတော့ သူ့ရဲ့ လက်နှစ်ဖက် က ခေါင်းအောက်ထဲ ကို ရောက်နေကာ သူ့ခေါင်း ကိုတော့ ကောက်ရိုးနဲ့ ရက်ထားတဲ့ ဦးထုတ်ကို ကာထားလေတယ်။

'' အာ!  မင်း ဒီနေရာမှာ အိပ်ပျော်သွားလို့ မရဘူးလေကွ!  ငါ့ကျတော့ ပင်လယ်ထဲကို ငါးဖမ်း မသွားခိုင်းပဲနဲ့ မင်းအနားမှာ နေရောင်အောက် အပျင်းထူခိုင်းနေတာ လားကွ! ''

ဟော်ဆန်းအာ က သူ့ဘေး က စိတ်အေးလက်အေး ဖြစ်နေတဲ့ သူကို ကြည့်လိုက်ပြီးတော့ သူက ထိုကောင်ရဲ့ အပျင်းတစ်တဲ့ စရိုက်က ထပ်ပြီး ပြန်ထွက်လာပြီ ပဲလို့ ထင်မိလေတယ်။

တစ်ခဏ ကြာတော့ ကျောက်ချင် က အစမရှိ အဆုံးမရှိ ပြောလိုက်တယ်။

'' ငါ သူနဲ့ ရန်ဖြစ်ထားတယ်ကွ! ''

ဟော်ဆန်းအာ က ယူလာတဲ့ ဝိုင် တစ်အိုးကို မော့ပြီး တစ်ငုံ့သောက်ကာ ထိုစကားကို ကြားတော့ အံ့သြ တကြီး နဲ့လှည့်ကြည့်လာခဲ့တယ်။

'' ဘယ်သူနဲ့ တုံး ကွ ''

'' ငါ့မိသားစု ထဲမှာ လူက နှစ်ယောက် ပဲ ရှိတာကို တစ်ခြားဘယ်သူ ဖြစ်နိုင်အုံးမှာ တဲ့လဲ?''

ကျောက်ချင် က ထ ထိုင်လိုက်ပြီးတော့ အထင်သေးစွာ နဲ့ ကြည့်လိုက်တယ်။ ဝိုင်အိုးကို လည်း ဆွဲယူလိုက်ကာ သူ့ရဲ့ ပါးစပ် ထဲကို လောင်းထည့် လိုက်တယ်။

ဟော်ဆန်းအာ ရဲ့ ပါးစပ် က အသာလေး ပွင့်သွားပြီးတော့ သူ့မျက်လုံး က ဗလာ ဖြစ်သွားလေတယ်။

'' ကျိုးကောအာ ရဲ့ စိတ်နေစိတ်ထား နဲ့ဆို မင်းနဲ့ ရန်ဖြစ်ဖို့ ဆိုတာ က ဘယ်လို ဖြစ်နိုင်ပါမလဲ?''

'' တကယ်လို့ကွာ သူက ငါ့ကို စကားအနည်းငယ်လောက် နဲ့ ကျိန်ဆဲ ရင်ကို ငါ ကျေနပ်သေးတယ်ကွာ။ ဒါပေမယ့် သူက ငါ့ကို စကားတောင် ပြန်မပြောဘူးကွ''

တံငါသည် (BL) Where stories live. Discover now