အပိုင်း (45. 2)

1.3K 170 0
                                    

(45. 2)

'' ဘာတဲ့လဲ ညည်း က တစ်ခြား လူတွေ ဆီကနေ ပြီးတော့ သင်ယူ ချင်နေ သေးတာလား ။ ဘာတဲ့ အပြစ်ကင်းမှု ကိုကာကွယ် ပြီးတော့ လင် တစ်ယောက် နဲ့ လက်ထပ်ချင် နေတယ် ပေါ့လေ။ နင့်မှာ လှည့်ကွက်တွေ က များလှ ချည်လား ''

ဟောခန်း မ ထဲကနေ ပြီးတော့ တောက်တို မယ်ရ လုပ်တဲ့ သူက လက်ထဲမှာ ရေနွေးကြမ်း အိုးနဲ့ သောက်ရမယ့် ခွက် ထည့်ထားတဲ့ ဗန်းကို ယူလာတာ ဖြစ်ပေမယ့် အမေ ( ဦးစီး)  က ကောင်မ လေးကို ဆူပူ နေတဲ့ အတွက်ကြောင့် သူ့ဘက် အာရုံ မဆွဲမိအောင် ငြိမ်နေ ခဲ့တယ်။ ဒါပေမယ့် ကျောက်ချင်တို့ နှစ်​ယောက် ကိုလည်း တွေ့ရော သူက မျက်လုံး တွေက တောက်ပ သွားကာ လက်ဖက် ရည်ဗန်းကို ချ ပြီး အပြေးလာခဲ့ လေတယ်။

'' အိုး ဒီနေရာကို လာခဲ့ လေ! ''

တောက်တိုမယ်ရ လုပ်တဲ့ သူက သူတို့ လက်ထဲက အစားအစာဘူး ကိုယူလိုက် ပြီးတော့ သက်လက်ပိုင်း အမျိုးသမီး ဆီကို ခြေလှမ်း တစ်လှမ်း နှစ်လှမ်း တိုးကပ် သွား လေတယ်။

'' အမေ ဒီနေရာမှာ အကင်တွေ ရောက်လာပြီ!''

ထို သက်လက်ပိုင်း အမျိုးသမီး က ဆေးခြယ်ထားတဲ့ မျက်ခုံးကို ကြုတ်ကာ သူမရဲ့ မျက်လုံးတွေက အချည်ခံထား ရလို့ ရုန်းကန် နေတဲ့ ကောင်မလေး ​ဆီကနေ ပြီးတော့ အကြည့် လွဲကာ သူမရဲ့အသံကို မြှင့်လိုက် လေတယ်။

'' နင် က ဘာ အကြောင်းတွေ ပြောနေ တာလဲ? ''

ဒီလို ဖုန်ထူတဲ့ အသိုင်းအဝိုင်း မှာ နှစ်ပေါင်းများစွာ အလုပ် လုပ်ပြီးတဲ့နောက် ထို သက်လက်ပိုင်း အမျိုးသမီး က နားတွေ သိပ်မကောင်း တော့ပေ။

ဒါကြောင့် အလုပ်သမား က ထပ်ပြီး ပြောလိုက်မှသာ သူမရဲ့ မျက်နှာမှာ အပြုံးတွေ ပေါ်လာပြီး အလုပ်သမား လက်ထဲက ဘူး ကို လက်ထဲ ဆက်ကနဲ ဆွဲယူ လိုက်ပြီးတော့  အဖုံးကို ဆွဲလှပ်လိုက် လေတယ်။

အထဲက အစပ် အနံ့က ဝေ့တက်လာ ချိန်မှာတော့ သူမ မျက်နှာပေါ် က အပြုံးတွေ ကပိုပြီးတော့ ကြီးလာ ခဲ့လေတယ်။

'' ဒီအနံ့ပဲ။ ရှုရှုင်းအာ မနေ့က ဝယ်ခိုင်းတဲ့ အစားအစာ ပဲ။ ပြီးတော့ သူမ က အခန်းတံခါး ပိတ်ပြီး ကောင်မလေး တစ်ချို့နဲ့ ဖွက်စား နေကြတာ ပဲလေ။ ငါက တံခါး အပြင်ဘက် က နေတောင်မှ အနံ့ ရ ပါတယ်''

တံငါသည် (BL) Where stories live. Discover now