အပိုင်း (6.1)

2.4K 381 16
                                    

(6.1)

ချောင်ဖန်ရဲ့ စကားသံ ထွက်ပြီးတာနဲ့ ကျောက်ချင် က ငါးဖမ်းလှေ အသေးလေးနဲ့ ပြန်ရောက်လာခဲ့တယ်။

ကျိုးကောအာ က ပြန်ရောက်လာတဲ့ ငါးဖမ်းလှေလေး ကို ပျော်ရွှင်မှု အပြည့်နဲ့ ငေးစိုက်ကြည့်နေခဲ့တယ်။ လှေကို ကမ်းခြေနား ဆွဲလာတဲ့ အခါမှာတော့ ကျိုးကောအာ က လည်း ငုံ့ကိုင်းကာ ကျောက်ချင်ကို ကူပေးလို့ လုပ်လိုက်ပေမယ့် သူ့လက်က တစ်ခါတည်း ဆုတ်ကိုင်ခံလိုက်ရလေတယ်။

'' မင်းပဲ ငါ့ကို လျောက်ပတ် မပြေး ပါဘူးလို့ ကတိပေးထားတာ မဟုတ်ဘူး လား။ ဘာလို့ မင်းတို့လို ကလေးတွေက ပြောစကားကို နားမထောင် ရတာလဲ?''

'' ငါက လမ်းကို ဖြေးဖြေးချင်း လျောက်လာတာပါ။ ဘာမှ မခိုက်မိ ပါဘူး''

ကျိုးကောအာ ရဲ့ မျက်နှာက မှုန် မှိုင်းသွားကာ အသံလေး က အားနည်း နေခဲ့တယ်။

'' တကယ်ကြီး ဖြေးဖြေးချင်း လျောက်ခဲ့တာ ဟုတ်ရဲ့လား ''

ချောင်ဖန် က အကွာအဝေး ကနေ လူနှစ်ယောက် ကို တွေ့လိုက်လေတယ်။

လူတွေရဲ့ အမြင်မှာတော့ သူတို့ပြောတဲ့ စကားကို မကြားရပေမယ့် ကောင်းတဲ့ ကိစ္စမဟုတ်ဘူး လို့ မြင်ရလေတယ်။

ကျောက်ချင် က သူမကို အရင်တုံး က ရှင်းပြ ဘူးတယ်။ ကျိုးကောအာကို အိမ်မှာ ကျွဲလို နွားလို ခိုင်းဖို့ အတွက် ဝယ်ထားတဲ့ ကျွန် တစ်ယောက် တဲ့လေ။

သူတို့တွေ အတူရှိနေပေမယ့် တကယ်ကြီး ကို သဟ ဇာတ ဖြစ်တဲ့ပုံ မပေါ်ပေ။

သူမက ကြိတ်ပြီးတော့ ရယ်လိုက်တယ်။

ဟော်ဆန်းအာ ကတော့ အဲ့နေရာကို ပြေးသွားခဲ့တယ်။

'' ကျောက်ချင် ၊ မင်းက တကယ်ကြီး ငါးဖမ်းထွက်တာလား။ မင်းက အရမ်းကို သတ္တိရှိတာပဲ။ ဘယ်လောက်တောင် ရိတ်သိမ်း ခဲ့ရလဲ?''

အပြင်လူတွေ ရှိနေတဲ့ အတွက်ကြောင့် ကျောက်ချင် က ကျိုးကောအာကို ထပ်ပြီးတော့ မဆူ ချင်တော့ပေ။

သူက ငါးခြင်းတောင်းကို ယူကာ အောက်ကို ချလိုက်တယ်။

ပြီးတော့ ပင်လယ်ကျောက်ရေမှော် တောင်းကိုပါ ချလိုက်တယ်။

တံငါသည် (BL) Where stories live. Discover now