အပိုင်း (9.1)

2.2K 362 3
                                    

(9.1)

မွေးပျံ့တဲ့ ရစ်ငှက်သား ရနံ့လေး က မီးဖိုကနေ လွင့်ပျံတက်လာလေတယ်။ ကျောက်ချင်က ကျက်လုနီးပါး ဖြစ်နေတဲ့ သစ်အယ်သီးတွေကို လိုက်တဲ့အခါ စွပ်ပြုတ်ပေါ် မှာလည်း အဝါရောင်ဆီ တစ်ချို့ဝေ့ နေတာ တွေ့လိုက်ရလေတယ်။ မွှေးရနံ့တွေက အဲ့နေရာကနေ အရမ်းကို  ထွက်လာတာ ဖြစ်လေတယ်။

ရစ်ငှက်တွေက အနိုင်ကျင့်တက်တဲ့ ကြက်ဖ တွေထက်တောင် ပိုပြီးတော့ သန်မာလေတယ်။ သူက ကျက်သွားတဲ့ ဟင်းကို တစ်ချက် မြည်းကြည့်လိုက်ကာ အိုးထဲ ဆားအနည်းငယ် ဖြူးလိုက်ပြီးတော့ အနောက်ခန်း ထဲက ကျိုးကောအာ ကို လှမ်းအော် ခေါ်လိုက်လေတယ် ။

'' ရှောက်ယု မင်းစားလို့ရပြီနော်''

ကျိုးကောအာ အတွက် ရစ်ငှက် ကြက်သားကို အိုးထဲကနေ ထုတ်လိုက်ပေးပြီးတော့ ကျောက်ချင် က အခန်းကျယ်ထဲကို သွားကာ ငါးဖမ်းပိုက်ကို ချုပ်ဖို့ လုပ်လိုက်လေတယ်။

ကျောက်ချင် က နေရာလွတ် ထဲကို သွားချင်နေတာ ပဲ ဖြစ်လေတယ်။

အဲ့ထဲမှာဆို ငါးဖမ်း တဲ့ ကိရိယာတွေ အများကြီး ရှိလေတယ်။

အမှန်တော့ ဒီလို ကြိမ်ငါးဖမ်းပိုက်က ရှင်းလင်းဖို့ မလိုအပ်ပါပေ။

အဲ့တာက သူတစ်ခဏလောက် သွားဖို့အတွက် အကြောင်းပြချက် ဖြစ်လေတယ်။

တကယ်လို့ သူသာ ကျိုးကောအာ ကို နေရာလွတ်အကြောင်း အမြန်ပြောပြလိုက် ရင် ထိုကောင်လေးက အရမ်းကို ကြောက်လန့် သွားမှာ ပဲ ဖြစ်လေတယ်။

'' ကောင်းပြီ။ ငါနောက်မှစားမယ်နော်။ မင်းအရင်ဆုံး စားလိုက်တော့ ''

ကျိုးကောအာ က သိ​ကြောင်းတုံ့ပြန်လိုက်ပြီးတော့ ငါးဖမ်းပိုက်တွေကို လှေကားအောက်မှာ ထားလိုက်ကာ အစားအစာ ပြင်ဖို့ ထွက်လာခဲ့တယ်။

ကျောက်ချင် က အဲ့တာကို တွေ့တော့ ပြောလိုက်လေတယ်။

'' မင်းအဲ့နေရာမှာ ပဲ ထိုင်နေနော်။ ငါ အဲ့နားကို ယူလာခဲ့မယ်''

'' ကောင်းပြီ ''

ကျိုးကောအာ က နေရာမှာတင် ပြန်ထိုင်လိုက် တဲ့အချိန်မှာပဲ အပြင်ဘက် ကနေ တံခါးခေါက်သံ တစ်ခု ထွက်လာခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now