အပိုင်း (17. 2)

2.1K 307 3
                                    

(17. 2)

ကျိုးကောအာ က အတင်း ဆုပ်ကိုင်ထားဆဲ ဖြစ်လေတယ်။

လင်းလင်း ကလည်း လာပြီးတော့ ကူညီ ပေးခဲ့တယ်။ ဒါပေမယ့် ရွယ်ယောင် က စိတ်မရှည်စွာ လက်တစ်ဖက် တည်း နဲ့  ဆောင့်တွန်း ချလိုက်တယ်။

ကျိုးကောအာ ရဲ့ အားက မနည်းပေမယ့် သူ့ခြေထောက် ဒဏ်ရာကြောင့် သူက ရွယ်ယောင် ကို ရင်မဆိုင် နိုင်ခဲ့ပေ။ ဒါပေမယ့် သူက ရွယ်ယောင် ရဲ့ အဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထား ပြီးတော့ ဂူထဲ ကနေ ထွက်မသွား နိုင်အောင် ဆွဲထား ခဲ့လေတယ်။

'' မင်း က သောက်ရမ်း ကို သေချင်နေတာ ပဲကွ။ ဟုတ်တယ် မလား? ''

ရွယ်ယောင် ရဲ့ အဝတ်တွေက ပြဲသွားတဲ့ အခါ မှာတော့ ထိုအမျိုးသား က အရမ်းကို ပဲ ဒေါသ လုံးလုံး ထွက်သွား လေတယ်။ သူက သူ့လက်ထဲက တည်သီးခိုင် နဲ့ ကျိုးကောအာ ခေါင်းကို ရိုက်လိုက်ပြီးတော့ တွန်းချ လိုက်တယ်။

ခြေထောက်မှာ ရှရာ နှစ်ခု ဖြစ်သွားခဲ့တယ်။

ကျိုးကောအာ က အရမ်းကို နာကျင်သွားကာ ဂူထဲ မှာ လဲကျ သွားလေတယ်။ ရွယ်ယောင် က အကြိမ်အနည်းငယ် လောက် ကန်ကျောက်ခဲ့ သေးလေတယ်။

'' မင်း က တကယ်ကို ပဲ ဘာက ကောင်းလဲ ဆိုးလဲ ဆိုတာ မသိဘူး ပဲ ဟမ် ''

တစ်ခဏ ကြာတော့ သူက ဂူထဲ ကနေ တစ်ခြား လူတွေ နဲ့ အတူတူ ထွက်ပြေး သွားလေတယ်။

ဂူထောင့်လေး မှာ ပုန်းနေတဲ့ လီ ရှောင်ရှောင်းလေး က တုန်ရီနေကာ ကျိုးကောအာကို ကြည့်လိုက် ပြီးတော့ လက်သီး ဆုပ်လိုက် လေတယ်။

သူမ က ကြောက်လန့် တကြားနဲ့ မျက်စိ ပိတ်လိုက်တဲ့ အခါ မှာတော့ မနေ့က ကျောက်ချင် က သူမကို ပြောခဲ့တာ ပြန်သတိ ရသွားလေတယ်  ။ အရှုပ်အထွေးတွေ ကြားထဲမှာ သူမ က အံကို ကြိတ်လိုက် တယ်။ ပြီးတော့ ခြေထောက် နှစ်ချောင်းလေး နဲ့ အဝေးကို ပြေးထွက် သွားတော့တယ်။

'' မင်း က ထောင်ချောက်တွေ တူးနိုင်လို့လား?''

ဟော်ဆန်းအာ က ချွန်ထက်တဲ့ သစ်သား စနဲ့ ကြိမ်နွယ် တွေကို ခွဲနေခဲ့ လေတယ်။

တံငါသည် (BL) Where stories live. Discover now