အပိုင်း (44.1)

1K 164 2
                                    

(44. 1)

ကျောက်ချင် က ရလာတဲ့ ငွေကို အနောက်က အခန်း ထဲမှာ အဝတ်တွေ ခေါက်နေတဲ့ မိန်းမ ဖြစ်သူ ရဲ့ လက်ထဲ ကို ထည့်ပေး ပြီးလိုက် တဲ့နောက် ရေချိုး မလို့ လုပ်လိုက် လေတယ်။

ကျိုးကောအာ က အိမ်ကနေ ပြီးတော့ အဝတ်အစား တွေကို သူ့နောက်ကျော က ခြင်းတောင်း ထဲကို ထည့်ကာ သယ်ယူ လာခဲ့တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ သူတို့ နှစ်ယောက် အတွက် တစ်ယောက် စီမှာ ဝတ်စုံ နှစ်စုံ ပဲ ရှိတာ ကို တွေ့လိုက် ရ လေတယ်။

ကျိုးကောအာ က အနောက်ကနေ ပြီးတော့ ကျောက်ချင် ဝင်လာ တာကို သိပေမယ့် ပြန်ပြီး မလှည့် ကြည့်ကာ အာရုံလည်း မစိုက် ချင် ပါပေ။

ယောကျာ်း တွေက တကယ်ကို ကောင်းတဲ့ ဟာတွေ မဟုတ် ဘူး။

အစောလေး တင် သူများတွေ ပြောနေတာ ကို သူကြား ခဲ့တယ်လေ။ ယောကျာ်း တွေက အပျော်မယ် ဂေဟာတွေ ဆီကို သွားရ တာ ကြိုက်နှစ် သက်ကြ ပြီးတော့ တစ်ညထဲ မှာ ငွေပေါင်း များစွာ ကို ဖြုန်းတီး ကြတယ် တဲ့လေ။

အဲ့တာ ထဲက တစ်ချို့က ချဲ့ကား ပြောကြ တာ ဖြစ်ပေမယ့် အဲ့လို နေရာတွေကို သွားတာ က တမင် သက်သက် ကြီး ငွေသွား ဖြုန်းတာ နဲ့ အတူတူ ပဲလေ။

ရွာမှာ တုံး က စားရေးသောက်ရေး နဲ့ အဝတ်အစား အတွက် စိတ်ပူနေ ရတာ ကြောင့် ဒီလို မျိုးတွေကို မကြားဘူးခဲ့ပေ။ ဒါပေမယ့် အခုလို စီးပွားရေး လေး လည်း လုပ်ပြီး မြို့ ပေါ်ရောက် လာရော အဲ့လို အပျော်ဂေဟာ တွေ အကြောင်း စကြား ရတော့တာပဲ။

အရင်တုံး က တော့ သူက အဲ့လို ကိစ္စ မျိုးတွေက သူနဲ့ ဘာမှ ပတ်သက် စရာ အကြောင်း မရှိဘူး လို့ ထင်ပေမယ့် အခုတော့ စျေးထဲကို အခြေချ တာမှ လွန်ခဲ့တဲ့ နှစ်ရက်လောက် ပဲ ရှိသေးတယ် သူ့ရဲ့ ကိုယ်ပိုင် ယောကျာ်း ပါးစပ် ကနေ အဲ့တာ အကြောင်းကို ထုတ်ပြော လာတာကို ကြားခဲ့ ရတယ်လေ။

ဘယ်သူ မဆို ဒီလို မျိုးဆို ဒေါသ ထွက် ကြမှာ ပဲလေ။

ကောင်လေး က ငွေကိုလည်း မယူထား သလို သူ့ကိုလည်း ဘာစကား မှ မပြောတာ ကို တွေ့တော့ ကျောက်ချင် ခမျာ ပိုလို့တောင် လုံးဝ ကြီး မွန်းကြပ် လာခဲ့ လေတယ်။

တံငါသည် (BL) Where stories live. Discover now