အပိုင်း (30.1)

951 166 0
                                    

(30.1)

'' ကျိုးချင်း ၊ ကျိုးရှင်း မင်းတို့ ညီမ နှစ်ယောက် က အဲ့မှာ ဘာထိုင်လုပ် နေတာလဲ? ငါတို့တွေ အခု ခူးလာ တူးလာတဲ့ အသီးအရွက် ရိုင်းတွေကို ရေလာဆေးပေးလေ ''

မိန်းမငယ်လေး နှစ်ယောက် သူတို့ ရဲ့ လက်မောင်း တွေကို အပေါ် ဆန့်ကာ ပျင်းရိစွာ နဲ့ ကြည့်လိုက် လေတယ်။

အစောကတည်း က အသီးအရွက် ရိုင်း သွားတူး ရမယ့် အမျိုးသမီး အုပ်စုက ခေါ်ပေမယ့် သူတို့တွေက အပြင်ကို လိုက်သွားဖို့ ရည်ရွယ်ချက် ကို မရှိကြပဲ ဂူထဲမှာသာ နေခဲ့ ကြတာ ဖြစ်လေတယ်။

အဲ့တာ ထက် သူတို့က အရင်နေ့တွေ တုံး က တစ်ခြား လူတွေ ခူးယူထားတဲ့ အသီး အရွက် စိမ်း ပုံနား သွားပြီးတော့ အစိမ်းစားလို့ ရပြီး ကြွပ်ဆပ် တဲ့ အသီး အရွက်တွေကို သွားစား နေကြတာ ပဲ ဖြစ်လေတယ်။

'' ဟေး ၊ နင်တို့ နှစ်ယောက် က ပြောတာ ကိုလည်း မနာခံဘူး။ ပြီးတော့ အလုပ်လည်း မလုပ်ပဲ ငါတို့ အလုပ်ကြိုးစား ပြီးတော့ ခူးထားတဲ့ ဟာတွေ ကျတော့ ထိုင်စား နေကြတယ် ပေါ့လေ ''

အမျိုးသမီး တစ်ယောက် က သူအရဲ့ အဝတ်လက် တွေကို ပင့်တင် ပြီးတော့ ပြောလိုက်တယ်။

'' ညည်းတို့ အကုန်စားပစ် မှတော့ ငါတို့လို အလုပ်လုပ်တဲ့ သူတွေက ဘယ်ဟာ ကို သွားပြီးတော့ စားရ တော့မှာ တဲ့လဲ''

ကျိုးချင်း က သူမရဲ့ နှာခေါင်းကို ရှုံ့ ပြီးတော့ ပြောလိုက် တယ်။

'' အဒေါ်ရယ် ကျွန်မ တို့ ညီမ နှစ်ယောက် က ဘာများ လုပ်နိုင်မှာ မလို့လဲ။ ရှင်တို့ မှာက လူတွေ အများကြီးပဲ လေ။ ကျွန်မတို့ နှစ်ယောက် ကို ဘာလို့ လာလုပ် ခိုင်း နေရတာ လဲ။ ကိုယ့်ခြေ ကိုယ့်လက်နဲ့ လုပ်ပါလား။ ကျွန်မ တို့ကို ကျွန်လာ ခံပေး စေချင်တာလား ''

'' အမလေး ညည်းပြောတော့ ကျုပ် အဆိုး။ ဒီမှာ ညည်းတို့ ပါးစပ်ကို ဖွင့်ပြီး စားတယ် ဆိုကတည်း က အတူတူ အလုပ် လုပ်ရမှာ ပေါ့အေ့။ အင်အား နည်းတယ် များတယ် လာပြော နေစရာလိုလား။ ညည်းတို့က လည်း ညည်းတို့ အကိုလိုပဲ။ ကြည့်ကြ ပါအုံးတော်။ သူများတွေ ပင်လယ်ထဲ ထွက်နေ ချိန် သူကတော့ ဂူထဲမှာ အိပ်နေ သတဲ့လေ။ လူတိုင်း က နင်တို့ မိသားစု အတွက် ကျွန်ခံ နေတာ မဟုတ်ဘူး ဟဲ့။ ကျောက်ချင် က လူတိုင်းကို ပြောပြီးသား အစားစားချင် ရင် အလုပ် လုပ်ရမယ်တဲ့! ''

တံငါသည် (BL) Where stories live. Discover now