အပိုင်း (40.2)

926 150 0
                                    

(40.2)

စျေးဝယ်သူ က ကူမယ့်သူ ရှိတာ ကိုတွေ့တော့ ပြုံးမိ လေတယ်။

'' ရောင်းရင်း ရေ ခများ ကတော့ ကူပေးဖို့ တစ်ယောက် ယောက် ကိုတောင် အကူအညီ တောင်းနေ ပြီပေါ့လေ။ စီးပွား ရေးက အတော်လေး ကောင်း နေတာ ကိုး။ ဟုတ်တယ် မလား''

'' ဒါက ကျွန်တော် ရဲ့ ခင်ပွန်းသည် လေးပါဗျာ''

ကျောက်ချင် က ရယ်မောစွာ နဲ့ မိတ်ဆက် ပေးလာ ပေမယ့် ကျိုးကောအာ ကတော့ အနည်းငယ် ရှက်ရွံမိတာ ကြောင့် အဝေးဆီိကို ခေါင်းလွဲ ထားမိ လေတယ်။

ထိုမြင်ကွင်း ကို တွေ့လိုက် ရတော့ ဝယ်ယူသူ က ရယ်မော တော့လေတယ်။

'' ဒီ သိုးသား ကင်က အရမ်းကို အရသာ ရှိတာ ပဲ။ ပြီးတော့ ကမာကင် ထက်တောင် စျေးက တစ်ဝက်လောက် လျော့နေ သေးတယ်! ''

'' ဒါဆိုလည်း နောက်ထပ် နှစ်ခု လောက် ထပ်ပေး ပါအုံး! ''

စီးပွားရေး က အတော်လေး ကောင်းပေမယ့် အနည်းငယ် တော့ မီးခိုးမွန်တာ ပေါ့လေ။ နွေဦးရာသီ ဖြစ်တဲ့ အတွက်ကြောင့် နေမင်း ကြီးက နေ့လည်ခင်း  အချိန် ထိ တိုင်အောင် အနည်းငယ် ပူနေ ဆဲ ဖြစ်လေတယ်။

ကျိုးကောအာ က အားလပ်ချိန် လေး ရလာ ရင် အိတ်ထဲ ကနေ ယပ်တောင်လေး ကို ထုတ်ကာ ချွေး တပြိုက်ပြိုက် ကျ​နေတဲ့ ကျောက်ချင်ကို ယပ်ခတ် ပေးလေတယ်။

လွန်ခဲ့တဲ့ လဝက် မှာ ငွေတွေ အများကြီး ရှာပြီး သွားပြီ ဆိုတာ ကို သူသိပါတယ် ။ ဒါပေမယ့် ဘာလို့များ အကိုကျောက် က ဒီလောက်ထိ ကို အလုပ်တွေ ကြိုးစား နေဆဲ ဖြစ်ရ သလဲ ဆိုတာ ကို တော့ သူ နားမလည် တော့ ပါပေ။

''အသားသီတံ တွေ အကုန်လုံး က ရောင်းကုန် သွားပြီ။ မင်း သွားပြီးတော့ ကျန်တာ​ လေးတွေကို သီတံမှာ သွားထိုးလိုက် ပါအုံး ''

ကျောက်ချင်က သူ့ခေါင်းကို မော့ကာ ကျိုးကောအာ ကို လုပ်ပေး ဖို့ တောင်းဆို လိုက် လေတယ်။

နှစ်ယောက် သား ပူးပေါင်းပြီး တော့ လုပ်တဲ့ အခါ ကိစ္စတွေက ပိုပြီး လွယ်ကူ လေတယ်။ တကယ်လို့ နောက်ထပ် အသားကင် အမျိုးအစား တစ်ခု ထပ်ထည့်ရင် တောင်မှ ပဲ သူတို့ က သိပ်ပြီးတော့ အလုပ်များ မှာ မဟုတ်ပေ။

တံငါသည် (BL) Where stories live. Discover now