အပိုင်း (26.2)

1.3K 197 1
                                    

(26.2)

'' မကောင်းတော့ဘူး ၊ မကောင်းတော့ဘူး! ''

နောက်တစ်နေ့ မနက်ခင်းမှာတော့ ဂူထဲက လူတွေ အိပ်ယာ နိုးပြီး အလုပ် လုပ်ဖို့ ပြင်ဆင် နေကြတုံးမှာပဲ သူတို့ဂူထဲက လူ တစ်ယောက် က ကြောက်လန့် တကြား နဲ့ ​ပြေးလာ ပြီးတော့ အော်နေတာ ကို လုံး ဝ မရပ်တန့်ခဲ့ ပါပေ။

''ဘာ ဖြစ်လို့လဲ? ''

''ငါတို့ရဲ့ လှေ မရှိတော့ဘူး! ''

ထိုစကား ကို ကြားတော့ ဂူထဲ က လူတွေ အကုန် ကြောင်အန်း သွားကြ လေတယ်။ ကျောက်ချင် က ပဲ အဲ့တာ ကို ပထမဆုံး  မေးလိုက် ရတယ်။

'' အဲ့တာ က ဘယ်လို လုပ်ပြီး မျော ပါသွားနိုင်မှာလဲ။ မနေ့က လူတိုင်း က လှေကို သေချာလေး ချည်ခဲ့ ပြီးသား မဟုတ်ဘူး လား ''

''ငါ မနေ့ည က သေချာ ချည်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့မနက်ခင်း သွားပြီးတော့ ငါကြည့်တဲ့ အခါ အဲ့တာက မရှိတော့ဘူး ''

တစ်စုံတစ်ခု မှားယွင်း နေမှန်း သိလိုက် ကြတဲ့ အခါ အမျိုးသား တိုင်း က အတူတူ စုပေါင်း ပြီးတော့ တောင်ဘေး က ကမ်းစပ် ဆီကို ပြေးကြ လေတယ်။

မျှော်လင့်ထား သလိုပဲ သူတို့လည်း တောင်ဘေး ပတ်လည် အကုန် ရှာပြီးတဲ့နောက် လှေကို လုံးဝ မရှာတွေ့ ခဲ့ပါပေ။

'' ငါတို့ ဂူထဲမှာ ပျောက်နေတဲ့ လူတွေ ဘယ်သူ မှ မရှိဘူး နော်။ ဟုတ်တယ် မလား? ''

ကျောက်ချင် က တည်ငြိမ်နေတဲ့ ပင်လယ်ကို ကြည့်ပြီးတော့ မေးလိုက် လေတယ်။

'' မရှိဘူး ။ ဘယ်သူမှ ပျောက်နေတာ မျိုး မရှိဘူး ။ ''

လူတိုင်း က ရုတ်ချည်း ပဲ သဲလွန်စ တစ်ခုကို ကောက်မိ သွားတော့တယ်။

'' အဲ့တာ ဟိုဘက် ဂူက လူတွေ ပဲ ဖြစ်ရမယ်! ''

'' ငါတို့ အဲ့နေရာကို သွားပြီးတော့ တစ်ချက် ကြည့် ကြတာ ပေါ့ ''

ဒီဘက် ဂူထဲက လူတွေက ဟိုဘက်က ဂူဆီကို ဒေါသ သတကြီး နဲ့ ရောက်သွားတဲ့ အချိန်မှာပဲ အဲ့ဂူထဲက လူတွေက အခုမှ မနက်စာ စားနေ ကြဆဲ ဖြစ်လေတယ်။ ရောက်လာတဲ့ လူတွေ ရဲ့ မျက်နှာတွေ က တစ်ယောက် မှ မကောင်းတာ ကိုမြင်တော့ ရွာလူကြီး က မေးလိုက် လေတယ်။

တံငါသည် (BL) Where stories live. Discover now