အပိုင်း (39.1)

1.2K 177 0
                                    

(39.1)

ညအချိန်မှာတော့ ကျောက်ချင် က သူ ဒီနေ့ အတွက် ရလာတဲ့ ငွေတွေ ကို ရေကြည့် လေတယ်။ ငွေပြား ၃၂၅ ပြား ရှိတဲ့ အတွက်ကြောင့် သူက ကမာကင် အကောင် ၅၀ ကျော် ရောင်း ရတယ် ဆိုတာ ကို ပြသ နေခဲ့တာ ပဲ ဖြစ်လေတယ်။

ပထမဆုံး ရက်မှာတင်ပဲ ရတဲ့ ရလဒ် က အတော်လေး ကို ကောင်းနေ ပြီပဲ ဖြစ်လေတယ်။

ကျိုးကောအာ ရေချိုးနေ ချိန်ကို အခွင််အရေး ယူပြီးတော့ ကျောက်ချင် က တွက်ချက်ပြီး ခွဲဝေ လိုက်လေတယ်။ ငွေပြား ၂၀၀ ကိုတော့ သူ့ဆီမှာသိမ်း ထားမှာ ဖြစ်ပြီး ငွေပြား ၁၀၀ ​ကိုတော့ သံဆိုင် ပိုင်ရှင်ကို ပေးရမှာ ဖြစ်လေတယ်။

ကျန်တဲ့ ငွေတွေ ကိုတော့ ခရီးသွား စရိတ် အဖြစ် ဖယ်ထား လိုက်လေတယ်။

လှည်း လိုက်စီး ခ နဲ့ နေ့လည် စာ အတွက် အသုံးစရိတ် ပေါ့လေ။

ကျိုးကောအာ က ရေချိုး ပြီးတဲ့နောက် အခန်း ထဲကို ဝင်လာကာ မျက်နှာသေ လေးနဲ့ ဆံပင်တွေက ရေတွေ စိုနေ ပြီးတော့ ကပ်​နေ ခဲ့ လေတယ်။

ကျောက်ချင် က ပုဝါ တစ်ထည်ကို ကောင်လေး ရဲ့ ခေါင်းပေါ် ဆီကို လှမ်းပြီး အုပ်လိုက်တယ်။

'' ဒီကိုလာခဲ့။ ကိုယ် မင်းရဲ့ ခေါင်း ကို သုတ်ပေးမယ် ''

'' ကိုယ့်ဘာသာ ပဲ လုပ်လို့ ရပါတယ်။ ''

'' ဒီကို လာပါကွာ။ ကိုယ် က မင်းကို ကိုက်မစား ပါဘူးကွ''

ကျောက်ချင် က အသံကို မြှင့်ကာ ပြောလိုက်တယ်။

ကျိုးကောအာ က တွန့်ဆုတ် သွားပြီးတော့ စိတ်ရှုပ်နေ မှုကို ဖုံးကွယ် မထားပဲ ကျောက်ချင် စီကို လမ်းလျောက် လာခဲ့ လေတယ်။

ကျောက်ချင် က သူလေး ရဲ့ ခေါင်းလေး ကို ပုတ်လိုက် ပြီးတော့ ပြောလိုက် လေတယ်။

'' ဘာလို့များ ညကြီးကို ခေါင်းတွေ လျှော်လာ တာလဲ ကွ။ မင်း နောက်ကျ ရင် ခေါင်းတွေ ကိုက် နေတော့ မှာပဲ ကွ ''

'' ခေါင်းပေါ်မှာ ပင်လယ် ရေတွေ အများကြီး တင်ကျန် နေတာ လေ။ တကယ်လို့ သာ ခေါင်း မလျှော်လိုက် ရရင် အဲ့တာ တွေက နံစော်လာ လိမ့်မယ်''

တံငါသည် (BL) Donde viven las historias. Descúbrelo ahora