အပိုင်း (40.1)

893 154 0
                                    

(40.1)

'' ရှောင်ယု ရေ ကိုယ်ပြန် လာပြီ!  ''

ကျောက်ချင် က သူ့နောက်ကျော မှာ ခြင်းတောင်း ကို လွယ်ထား ပြီးတော့ ပြန်လာ ခဲ့ လေတယ်။ တစ်နေ့ ထဲနဲ့တင် အိမ်လေး ကို ခြံစည်းရိုး ခတ်လိုက်တာ အား တွေ့ရှိခဲ့ ရ လေတယ်။

ကျိုးကောအာ က ခြံဝင် တံခါး ဂိတ်လေး တောင် လုပ်ထား လိုက် သေးလေတယ်။

ဒါကြောင့် အိမ် သေးသေးလေး ကို ကြည့်ရတာ အတော်လေး ကို ပြောင်းလဲ သွား ပုံ ပေါ်လေတယ်။

သူက ခြံပြင်မှာ ရပ်နေ ပြီးတော့ အထဲကို ခေါင်းလေး မော့ကာ နှစ်ကြိမ် တိုင်တိုင် အော်ခေါ် လိုက်လေတယ်။

အထဲ ဘက်ဆီ က နေ လှုပ်ရှား သံတွေ ကြားတော့ ကျောက်ချင် က အမြန်ပဲ ခြံ တံခါး လေး ကို ဖွင့်ကာ ဝင်လာခဲ့ လေတယ်။

'' ခြေတွေ လက်တွေ က သိပ်ကို မြန်တာ ပဲ''

ခြံတံခါး လေး ကနေ ပြီးတော့ အထဲကို ဝင်လာ တဲ့ အချိန်မှာတော့ စနစ်တကျ နဲ့ ဘောင်တန်းလေး တွေ ဖော်ကာ စိုက်ပျိုးထား သော အစေ့ မြေကွက် လေးကို တွေ့လိုက် ရလေတယ်။ ဒါကြောင့် ကျောက်ချင် က ကျိုးကောအာ အား စကားလုံး အနည်းငယ် သုံးပြီးတော့ ချီးကျုးလိုက်တာ ပဲ ဖြစ်လေတယ်။

ကျိုးကောအာ ကတော့ ကျောက်ချင် ရဲ့ နောက်ကျောက ခြင်းတောင်း ကို ကူသယ် လိုက်ကာ ပြောလိုက် လေတယ်။

''အဲ့တာ တွေက အင်အား တွေ အများကြီး စိုက်ထုတ်စရာ မှ မလိုတာ လေ ''

ကျောက်ချင် က ကြက်လေး နှစ်ကောင်လောက် လည်း ဝယ်ပြီးတော့ ပျိုးထောင် ချင်ခဲ့ လေတယ်။ အဲ့ကျရင် ကြက်ဥ လည်း စား ရ မယ်လေ။ ဒါပေမယ့် အဲ့တာကို တွေးပြီး တဲ့နောက် ကျောက်ချင် က အတန်ငယ် စိတ်မချ ရဘူးလို့ ခံစား ခဲ့ ရတယ်။

သူ စျေးထဲမှာ ရှိနေတဲ့ အချိန်တုံး က ကြက်တွေ ဝယ်ဖို့ လုပ်ခဲ့ ပေမယ့် ဘယ်သူ ကမှ အဲ့တာ တွေကို ရှင်လျက် နဲ့ ဖမ်းပြီးတော့ မရောင်းတာ တွေ့ခဲ့ ရတယ် လေ။

''ကြည့်ပါအုံး!ကိုယ် ဘာကို ပြန်ဝယ် လာ သလဲ ဆိုတာကို ''

ကျိုးကောအာ က နောက်ကျောပိုး ခြင်းတောင်း ထဲကနေ တစ်ခုပြီး တစ်ခုကို ထုတ်နေတာ ဖြစ်တဲ့ အတွက်ကြောင့် အကြည့် တစ်ချက် နဲ့တင် ထိုခြင်းထဲ က အောက်ခြေနား မှာ စက္ကူ နဲ့ ပတ်ထားတဲ့ အထုတ် တစ်ခု ကို တွေ့လိုက် ရလေတယ်။

တံငါသည် (BL) Where stories live. Discover now