အပိုင်း (4.2)

2.3K 358 0
                                    

(4.2)

ကျောက်ချင် က လှောင်ရယ်လိုက်တယ်။

'' အမှန်တော့ မင်းလဲ အဲ့လို လုပ်လို့ ရပါတယ် ''

ဟော်ဆန်းအာ က ပြောလိုက်တယ်။

'' ငါက ဘယ်လိုလို့ လုပ်နိုင်မှာတဲ့လဲ? ''

'' မင်းရဲ့ အပေါ်ဝတ်ကို ချွတ်ပြီးတော့ အပေါ်ဝတ် ဗလာနဲ့ အော်ရမယ်။ မင်းမိန်းမ တစ်ယောက် ကို မြင်ရင် သူမကို မင်းပြုံးပြ ရမယ်။ သန်မာတဲ့ အမျိုးသား တစ်ယောက် က ဆန့်ကျင်ဘက်လိင်တွေ ကို ပိုပြီးတော့ ကောင်းကောင်း ဆွဲဆောင် နိုင်တယ်လေ''

ကျောက်ချင် က အမှန်တော့ တကယ်ပဲ စနောက်လိုက်တာ ဆိုပေမယ့် ဟော်ဆန်းအာ က တကယ်ပဲ အဝတ်တွေ ချွတ်နေခဲ့တယ်။

မျှော်လင့်ထားသလိုပဲ သူက ပင်လယ်ထဲမှာပဲ တစ်နှစ်ပတ်လုံး အလုပ်လုပ် ခဲ့ရတာ ပဲ ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ကောင်းမွန်တဲ့ ကိုယ် ရှိလေတယ်။ သူက အစောကတည်း က ငါးစျေးမှာ အမျိုးသား တန်းဘက်က ရောင်းရတဲ့ဆုံး လူဖြစ်လေတယ်။ အခုတော့ ပိုလို့တောင် သိသာထင်ရှားသွားတယ်လေ။

ဟော်ဆန်းအာ က သူ့ရဲ့ ရင်ဘက်ကို ပုတ်လိုက်တယ်။

'' ဘယ်လိုနေလဲ? ငါက ရှန်ယုရွာမှာ အသန်မာဆုံး လူလေ ''

ကျောက်ချင် က သူ့နှာခေါင်းကို ထိလိုက်တယ်။ သူ့ခေါင်းကို ငုံ့ကာ မတက်နိုင်တော့ပဲ ရယ်လိုက်မိတော့တယ်။

'' မင်းရဲ့ ရင်သားတွေကို ငါ့ကို ရိုက်ပြမနေနဲ့ကွ။ မင်းရဲ့ ငါးတွေကို ရိုက် ''

ပြောစရာမလိုပေ ထိုနည်းလမ်းက တစ်ကယ်ကို အလုပ်ဖြစ်လေတယ်။

ဟော်ဆန်းအာ က အော်ပြီးတော့ ငါးရောင်းတဲ့ အချိန်မှာတော့ ဘေးနားကို အမျိုးသမီး တွေက စုဝေးလာကြလေတယ်။

အမျိုးသမီး တွေက အမျိုးသားတစ်ယောက်ကို မမြင်ဘူး သလို ဖြစ်နေကြလေတယ်။ သူတို့က ငါးတွေကို ကြည့်နေကြတယ်လို့ ဟန်ဆောင်နေ ပေမယ့် အမှန်တော့ ဟော်ဆန်းအာ ရဲ့ တောင့်ဖြောင့်တဲ့ အပေါ်ပိုင်းကို ကြည့်နေကြတယ် ဆိုတာကို ကျောက်ချင်ရဲ့ မျက်လုံးထဲ ကနေ မလွတ်ခဲ့ပေ။

တံငါသည် (BL) Where stories live. Discover now