အပိုင်း (43.2)

787 137 1
                                    

(43.2)

ရောက်ရှိလာပြီးတော့ ဝယ်ယူ အားပေး ကြတဲ့ သူတွေက ချီးကျုး ဂုဏ်ပြုစကား အများကြီး ပြောခဲ့ ကြပြီးတော့ သူတို့ ဆီကနေ ဟင်းပွဲတွေ က ပိုပြီး ကောင်းလာကြောင်း ၊ ဇီးချဥ်အေး က ဘယ်လို ကောင်းကြောင်း ၊ ဆိုင်လေး ရှိတာ က အရင် လမ်းဘေး ယာယီ ဆိုင်လေး ထက် အခြေအနေ ပိုသာ တယ်ပဲ ပြောကြ ပါစေ ကျိုးကောအာ ဟာ သူ့လက်ထဲ က ရောင်းရ ငွေတွေ ကို ရေတွက် ကြည့်ပြီးတော့ လုံးဝ ကို မပျော်မရွှင် ဖြစ်နေ ခဲ့ လေတယ်။

ကျောက်ချင် က ကောင်လေး ရဲ့ အတွေးတွေ ကို သိပေမယ့် ရောက်လာတဲ့ ဧည့်သည် တွေ ကို နှုတ်ဆက် ပြီး အလုပ်များ နေတာ ကြောင့် ကျိုးကောအာ လေးကို နှစ်သိမ့်ပေး ဖို့ မရ နိုင်ခဲ့ ပါပေ။

ကျောက်ချင်က ဧည့်သည် တစ်အုပ် ပြန်သွား ကြတဲ့ အထိ စောင့်လိုက် လေတယ်။ ပြီးတော့ မှ သူက ကျိုးကောအာ ကို ရပ်ခိုင်း လိုက်လေတယ်။

'' အခု က အဆင်ပြေ တယ်ရယ် ။ ကိုယ် လမ်းဘေး ယာယီစျေးဆိုင်လေး စထောင်တဲ့ အချိန် တုံး က ဆိုရင် အ​ခြေအနေ တွေက ဒီ့ထက် ကို ပိုပြီးတော့ ဆိုးဝါး ခဲ့တာ လေ။ ဒါပေမယ့် လည်း ဖောက်သည် တွေ ပြန့်သွား တာနဲ့ သဘာဝ ကျစွာပဲ ဆိုင်က ပိုပြီးတော့ စီးပွားရေး တက်လာ တော့တာ ပေါ့ ''

ကျိုးကောအာက ခေါင်းငြိမ့် ပြလိုက် လေတယ်။ ပြီးတော့ ကျောက်ချင်က ဘယ်ဧည်သည် မှ မရှိတာ ကို အခွင့်ကောင်း အရ ယူပြီးတော့ အကင်ချောင်း တစ်ချို့ ကင်လိုက်ကာ ပန်းကန် ပြားပေါ် ထည့်လိုက် လေတယ်။

'' နည်းနည်း လောက် စားလိုက်လေ''

ကင်းမွန်ကင် နဲ့ ပြည့်နေတဲ့ ပန်းကန် ကို ကိုင်ထားရင်း ကျိုးကောအာ က ပြုံးပြီး တော့ ပြောလိုက်တယ်။

'' ဒါက ဝမ် ဆင့်တွေ အများကြီး ကုန်ကျမယ့် ဟင်းပွဲပဲ။ ဆိုင်ရှင် က အရမ်း ကို ရက်ရော တာပဲနော် ''

ကျိုးကောအာ က တူ နှစ်စုံ ကို လှမ်းယူ လိုက် လေတယ်။ သူ့အတွက် တစ်စုံ ယူပြီးတော့ ကျောက်ချင်ကို တစ်စုံပေး လိုက် လေတယ်။ ပြီးတော့ နှစ်ယောက် သား အတူတူ စားပွဲခုံ မှာ ထိုင်ကာ အကင်တွေ စားတော့ လေတယ်။

တံငါသည် (BL) Where stories live. Discover now