အပိုင်း (27.1)

1.7K 243 2
                                    

(27.1)

ဆောင်းရာသီ က ငါးဖမ်းဖို့ရာ လွယ်ကူတဲ့ ရာသီတော့ မဟုတ်ခဲ့ ပါပေ။ 

ဂူထဲက လူတွေက လှေနှစ်စီး ကို ပြန်လည် တည်ဆောက် ပြီးတဲ့နောက်မှာ ကျောက်ချင် က ဦးဆောင်တဲ့ အဖွဲ့က တစ်စီး ယူကာ ဟော်ဆန်းအာ ဦးဆောင်တဲ့ အဖွဲ့ က တစ်စီး ယူပြီးတော့ ငါးဖမ်း ခွဲထွက်ကြ လေတယ်။ 

နှစ်ယောက် စလုံး က မတူညီတဲ့ နေရာ တွေကို သာ ခွဲ သွားကြတာ ပဲ ဖြစ်လေတယ်။ ကျောက်ချင်နဲ့ ကျိုးကောအာ တို့က အစောကြီး ငါးဖမ်းထွက်ဖို့ သွားခဲ့တာ ဖြစ်ပေမယ့် လမ်းမှာ သူတို့က ရွာလူကြီးကို တွေ့ခဲ့ ပြီးတော့ အချိန်တစ်ခဏ နှောင့်နှေး ခဲ့ရတာ ပဲ ဖြစ်လေတယ်။ 

သူတို့လည်း တောင်ဘေး ကမ်းစပ်ကို ရောက်တဲ့ အချိန်မှာတော့ သစ်ပင်ပေါ် က အရွက်တွေမှာ တင်ကျန်နေတဲ့ ရေခဲလွှာပါးပါးလေး တောင် အရေပျော်ကျ သွားပြီပဲ ဖြစ်လေတယ်။ 
ကျိုးကောအာ က ဆရာလီ လုပ်ပေးတဲ့ ငါးဖမ်း ကိရိယာ တွေကို လှေပေါ်မှာ တင်လိုက်လေတယ်။ ပြီးတော့ ကျောက်ချင် ကလည်း လှေပေါ် တက်ထိုင်လိုက်ကာ လှော်တက်တွေ ကို စတင် ပြီးတော့ လှော်ခတ် တော့လေတယ်။ 
'' လှေကို အရေအတွက် တစ်ချို့ထိ ဆောက်ပြီး သွားရင် လူတိုင်းကို ထွက်လာဖို့ ခေါ်ရမယ်။ ပြီးတော့ လှေအောက်က ရေထဲက သစ်ကိုင်းတွေကို ခုတ်ပြစ် ရမယ်။ အဲ့လို မှ မဟုတ်ရင် ငါးဖမ်း ထွက်တဲ့ အချိန်တိုင်း အဲ့တာ တွေက လှေရဲ့ အောက်ခြေကို ထိခိုက် နေတော့မှာ။ ''
တစ်ကြိမ်ထက် ပိုပြီး ထွက်ဘူးတဲ့ ကျောက်ချင် က အဲ့တာ ဟာ အနည်းငယ် အဆင်မပြေ နိုင်တာကို သိလို့ ပြောလိုက်တယ်။ 

ဒီပတ်ဝန်းကျင် အနေအထားမှာ သစ်ပင်ရဲ့ အကိုင်းတွေက လှေကို အရမ်းကြီး အကျိုးသက်ရောက် မှု မဖြစ်စေ ပေမယ့် တစ်ခြရွာသား တွေ ထွက်တဲ့ အခါမှ အဲ့ချုံနွယ် တွေက လှေကို ထိခိုက်စေ မှာကို သူ စိုးရိမ် တာ ပဲ ဖြစ်လေတယ်။ 
တကယ်လို့ လှေမှောက် ခဲ့ရင် သူတို့တော့ အသီးတွေ ကလွဲ ပြီး တစ်ခြား စားစရာတောင် ရှိတော့မှာ မဟုတ်ဘူး လေ။ ပြီးတော့ အဲ့သစ်ကိုင်းတွေ ရဲ့ အောက်မှာလည်း ဘယ်လို အကောင် ပလောင်တွေ ပုန်းနေ နိုင်မလဲ ဆိုတာကို သူသိရတာ မဟုတ်ဘူး လေ။ 
ကျိုးကောအာ ကလည်း ခေါင်းငြိမ့် ပြလိုက်တယ်။ သူလေး က ခြေထောက် ဒဏ်ရာ ပျောက်ဖို့ လ တစ်ချို့ ကြာခဲ့တယ်လေ။ ခြေထောက်နာ ပြီးတဲ့နောက် ဒါက ငါးဖမ်းရတဲ့ အရသာ ကို ပြန်ပြီးတော့ ထိတွေ့ လာရတာ ပဲ ဖြစ်လေတယ်။ 

တံငါသည် (BL) Where stories live. Discover now