အပိုင်း (21.1)

1.9K 288 1
                                    

(21. 1)

နေထွက် ခဲ့တဲ့ အတွက်ကြောင့် တစ်နေ့လုံး ပူနွေးနေပြီးတော့ ညအချိန်မှာလဲ ဂူထဲမှာ အိပ်ရတာ နွေးထွေးလေတယ်။

ရက်အနည်းငယ်လောက် အလုပ်ကြိုးစား ပြီးတဲ့နောက် သူတို့ဂူ ထဲက မိသားစု  တစ်ခုထဲ က တစ်ယောက်  စီ တိုင်းမှာ ကိုယ်ပိုင်ဖျာ တစ်ချပ် စီ ရနေ ပြီပဲ ဖြစ်လေတယ်။ အဲ့တာတွေကို နေ့အချိန်မှာ နေရောင် ပြကာ လှန်းထားတဲ့ အတွက်ကြောင့် ညအိပ်တဲ့ အချိန်မှာ ပိုပြီးတော့ နွေးထွေးလေတယ်။ ပြီးတော့ အဲ့တာ က ဘာမှ ရှက်ရွံ့ နေစရာ မလိုပါပေ။

ထိုအောက်အခင်း က အနည်းငယ် ကျဥ်းမြောင်း နေပေမယ့် အရင်က အခြေအနေ ထက်စာရင်တော့ ပိုပြီးတော့ အဆင်ပြေ တယ်လို့ ပြောလို့ ရလေတယ်။

ကျောက်ချင် က ဖျာ ပေါ်မှာ လဲလှောင်း နေခဲ့လေတယ်။

ကိုယ်လုံးကြီးပြီး သန်မာတဲ့ အမျိုးသား တစ်ယောက် အနေနဲ့ အရင်တုံးက ရွာမှာလို အိပ်ယာ အသေးလေးမှာ အိပ်နေ ရတယ်လို့ သာ ခံစားရပြန်တယ်။ သူက လှုပ်တောင် မလှုပ်ရဲ ပါပေ။

သူက ဂရုတစိုက် လေး ကျောကို လှည့်လိုက် ပြီးတော့ သူ့ဘေးနားမှာ အိပ်နေတဲ့ ကျိုးကောအာ ဆီကို  မျက်လုံး တစ့ဖက် ပွင့်လျက်နဲ့ ခိုးကြည့် နေခဲ့ လေတယ်။ ကျိုးကောအာ ရဲ့ အသက်ရှုသံ က ပုံမှန် ဖြစ်တဲ့ အတွက်ကြောင့် သေချာပေါက် အိပ်ပျော်နေ ပြီပဲ ဖြစ်လေတယ်။

ကျောက်ချင် က သူ့ရဲ့ လက်ကို တိတ်တိတ်လေး ဆန့်ထုတ် လိုက်တယ်။ သူ့ရဲ့ နှလုံးသား က အတော့်ကို အခုန်မြန်နေကာ သူက ကျိုးကောအာ ရဲ့ မျက်နှာ​လေး ကို ထိကြည့် ချင်နေတာ ပဲ ဖြစ်လေတယ်။ သူက လျင်မြန်စွာ လုပ်သရွေ့ ကတော့ ဘယ်သူ ကမှ မြင်လိုက် ရမှာ မဟုတ်လောက် ပါဘူး!

သူ့ရဲ့ လက်က တစ်ဖက် လူရဲ့ နားရွက်ကို ထိလိုက်တဲ့ အချိန်မှာပဲ ရုတ်တရက်  ညီးသံ လိုလို အသံ တစ်ခုက ခပ်အုပ်အုပ် ထွက်လာ ခဲ့လေတယ်။

'' မင်း တိတ်တိတ်လေး နေကွာ!  လူတိုင်း က မင်းရဲ့ အသံကြောင့် နိုးသွားရင် အရမ်းကို ရှက်ဖို့ ကောင်း သွားမှာကွ!''

ကျောက်ချင် က သူ့ရဲ့ လက်ကို မြန်မြန် ချထား လိုက်ပြီးတော့ ကျိုးကောအာ ကို ဆွဲဖက် ထားလိုက်တယ်။

တံငါသည် (BL) Where stories live. Discover now