အပိုင်း (38.3)

1.2K 175 0
                                    

(38.3)

ကျောက်ချင် က ကိုယ်ဝန်ဆောင် ကော အမျိုးသား ဆီကို အမြန်ပဲ သွားလိုက် ပြီးတော့ သော့ကို သွားယူကာ မေးလိုက်လေတယ်။

'' သူက ဘယ်ကို သွားတာ လဲ ဆိုတာ သိလား? ''

'' သိတယ်လေ။ သူက ငါ့ယောကျာ်း နဲ့ အတူ ပင်လယ် စီ သွားတယ်လေ ''

ကောင်းကင် ကို မော့ပြီးတော့ ဘယ်အချိန် ရှိနေ ပြီလဲ ဆိုတာကို ကြည့်လိုက် စမ်းပါအုံး။ ဒါတောင် အခုထိ သူက အိမ်ပြန် မရောက်သေး ဘူးပေါ့လေ။

ကံကောင်းတာ က ကောင်လေး က တစ်ယောက် ထဲ သွားတာ မဟုတ်လို့ပေါ့။ သူ့ခမျာ အနည်းငယ် စိတ်သက်သာ ရာ ရသလို ခံစား ရတယ်လေ။

စိတ်ပြေလျော့ သွားတာ မှန်ပေမယ့် နောက်တစ်ဖက် ကနေ ပြန်တွေး ကြည့်ရရင် ကောင်လေး က အမျိုးသား တစ်ယောက် နဲ့ အတူ ထွက်သွားတာ လေ!

သူ လုံးဝ စိတ်သက်သာ ရာ မရ နိုင်တော့ဘူး ရယ်!

''ကျေးဇူး တင်ပါတယ်''

သူက သော့ကို ယူပြီးတော့ အမြန်ပဲ တံခါး ပြေးဖွင့်ကာ ခြင်းတောင်း ကို တုံ့ဆိုင်းမှု မရှိ ပစ်ထည့် လိုက်ပြီးတော့ အိမ်တံခါး ကို ပြန်စေ့ ထားလိုက် လေတယ်။

အခု ရွာ က အရင်က လောက်ထိ တော့ မကောင်းခဲ့ ပေ။ ဒီနေရာကနေ ပင်လယ်စီ ကို သွားရရင် တစ်နာရီ ခွဲလောက် လမ်းလျောက် ရတယ်လေ။

ကောင်းကင် ကြီး က ပိုမဲမှောင်သထက် မဲမှောင်လာ ချိန်မှာတော့ ကျောက်ချင် က သူ့အိမ်က ကောင်လေး အတွက် တ​​ဖြေးဖြေး နဲ့ စိုးရိမ် လာခဲ့ လေတယ်။

သူက ကောင်လေး ကို ဒေါသ ထွက်စိတ်ဆိုး ​နေတာ မဟုတ်မှန်း သူ့ကိုယ်သူ သိလေတယ်။

ကျောက်ချင် က သူ့စိတ်ထဲ မှာ သူ့ကောင်လေး ကို စိုးရိမ်နေ တာ ပဲ ရှိလေတယ်။

သူက လိုက်သွား ဖို့ ဆုံးဖြတ်ချက် ချ လိုက်လေတယ်။ ဆယ့်ငါးမိနစ်လောက် လမ်းလျောက် လိုက် ရပြီး တဲ့နောက် ရွာက ရွာသား တစ်ယောက် ဟာ သူ့ဘက်ဆီကို တစ်ခြား ဘက်ကနေ လျောက်လာတာ တွေ့လိုက် ရ​လေတယ်။

ပြီးတော့ ကျောက်ချင် က အမြန်ပဲ ထိုလူ ကို နှုတ်ဆက် လိုက်တယ်။

တံငါသည် (BL) Où les histoires vivent. Découvrez maintenant