အပိုင်း (42.2)

1.3K 174 7
                                    

(42.2)

'' အချိန် အတော်ကြာတဲ့ အထိ အိပ်ယာထဲ မှာ လှဲနေ ရတော့ မူးဝေ လာတယ် လို့ ခံစား ရ လို့ပါ ''

'' ဒါဆိုလည်း ဘာမှ မလုပ်နဲ့လေ။ အပြင်ဘက် မှာ ထွက်ထိုင် ပြီး တော့ လေညှင်း ခံနေ လေ''

ခြံဝင်းထဲ မှာ သစ်ပင် အကြီး တစ်ပင် ရှိလေတယ်။

ထိုနေရာ မှာဆိုရင် အရမ်းကို အရိပ် ရပြီးတော့ ကောင်းကင် ကြီးကိုလည်း မော့ကြည့် နိုင်တယ်လေ။

အခုက နွေရာသီ အချိန်ပဲ ဖြစ်လေတယ်။ အပြင်ဘက်က ရာသီဥတု ကလည်း အတော်​လေး ကို ပူလာ တယ်လေ။ ပင်လယ်ထဲက အပူချိန် တွေက လည်း တိုးလာ တယ်။ ​ပြုတ်ပြီး သွားတာ နဲ့ ကမာကောင် တွေက စားလို့ မရတော့ ဘူးလေ။

ကမာကောင် တွေကို စက်တင်ဘာ လမှာ စားတာက အကောင်းဆုံး ပဲ ဖြစ်လေတယ်။

အဲ့အချိန် ရောက်ရင် ကမာ ကောင် တွေက အရမ်း ပဲ အရသာရှိပြီးတော့ ဝဖြိုး ပေါကြွယ်ဝ တယ်လေ။

အဲ့အချိန် ဆိုရင်တော့ ကမာ ကောင်တွေ မရောင်းရ မှာကို ကျောက်ချင် တစ်ယောက် စိတ်ပူနေ စရာကို မလိုပါပေ။

နေရာလွတ်ထဲ က ပစ္စည်းတွေ အကုန်က ရောင်းထွက် သွားပြီပဲ ဖြစ်လေတယ်။

ကြည့်ရတာ တော့ သူက တစ်ခြား အမျိုးအစား တွေကိုပဲ ရောင်းရ တော့မယ်နဲ့ တူပါတယ် ။

သူက တွေးတော နေတုံး အပြင်ဘက် ကနေ ပြီးတော့ ကျိုးကောအာ က လှမ်းပြီး အော်လာခဲ့ လေတယ်။

'' အကိုကျောက် ရွာသား တစ်ယောက် က ပင်လယ်စာ ရောင်းဖို့ ဒီနေရာကို ရောက်နေတယ်''

'' လာကြလေ!''

ရွာသား က နောက်ကျောမှာ ခြင်း လွယ်ကာ ထိုအထဲ ပင်လယ်စာ တွေ ထည့်ပြီးတော့ လာခဲ့ တာပဲ ဖြစ်လေတယ်။

ထိုသူက အရိပ်ရ တဲ့ အပင်အောက်မှာ ရပ်နေ ခဲ့ ကြ ပြီးတော့ ကျိုးကောအာ က အိမ်ထဲကို လိုက်ဝင် လာခဲ့ လေတယ်။

ပြီးတော့ အိမ်ထဲ ကနေ ရောက်လာတဲ့  ရွာသား တစ်ယောက်   ထိုင်ဖို့ အတွက် တန်းလျား နှစ်ခုကို ထုတ်ယူ လာကြ လေတယ်။

ကျောက်ချင်က ပင်လယ်စာ တွေကို ကြည့်လိုက် ပေမယ့် ထိုဟာတွေ အကုန်လုံး က သူ အရင်က ပြောခဲ့တဲ့ ဟာတွေ ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Donde viven las historias. Descúbrelo ahora