အပိုင်း (5. 1)

2.4K 389 1
                                    

(5.1)

တံခါးကို ဖွင့်ဝင် လိုက်တဲ့ အခါမှာတော့ ခြေထောက်မှာ ဒဏ်ရာ ရနေတဲ့ ကျိုးကောအာ က တကယ်ကို လုပ်နိုင်စွမ်း တွေ ရှိနေတာကို တွေ့လိုက်ရတယ်။

သူက တကယ်ကြီး ငါးစွပ်ပြုတ် လုပ်ထားတယ်။

မီးဖိုလေး ပေါ်က အိုးအဖုံးကို လှပ်ကြည့်ချိန်မှာတော့ အထဲမှာ နွေးထွေးတဲ့ ငါးစွပ်ပြုတ် ကို တွေ့လိုက်ရတယ်။

ထို စွပ်ပြုတ်ကို ပင်လယ် ငါးရှည့်နဲ့ ချက်ထားတာ ဖြစ်ပြီးတော့ အခုလိုနွေးထွေးတဲ့ ဟင်းပွဲ အနံ့လေး လည်း ရရော ကျောက်ချင် က တကယ်ကြီးကို ဆာလောင် လာခဲ့တယ်။

ဒါပေမယ့် သူက ဟင်းပွဲကို အလောတကြီး မစားပဲနဲ့ သူ့ဘေးနားမှာ ထိုင်နေတဲ့ ကျိုးကောအာကို ပြန်ကြည့် လိုက်တယ်။

'' ခများ ဗိုက်ဆာ နေတာ မဟုတ်ဘူး လား။ ဘာကြောင့် မစားရတာလဲ? ''

ကျောက်ချင် က သူ့ကို ကြည့်နေတာ တွေ့လိုက်ရတော့ ကျိုးကောအာ က အနည်းငယ် မသက်မသာ ဖြစ်သွားလေတယ်။

'' မင်းက ငါ့ကိုလည်း လာကြိုသေးတယ်။ ဟင်းလည်း ချက်ထားသေးတယ်။ မင်းရဲ့ ခြေထောက်ကို ရော မင်းလိုချင် သေးရဲ့လား? ''

ကျိုးကောအာ က သူ့ရဲ့ အနောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေတယ်။

'' ငါ အဆင်​ပြေ ပါတယ် ''

ကျောက်ချင် က ရေနံဆီ မီးအိမ်ကို သွားပြီး မီးထွန်းလိုက်တဲ့ အချိန်မှ ကျိုးကောအာ ဝတ်ထားတာ ကို တွေ့လိုက်ရလေတယ်။ ထိုဟာတွေက အတော်လေးကို ဟောင်းနွမ်းနေ ပြီဖြစ်ကာ အဖာအထေး အပေါက်ရာတွေ ရှိနေတဲ့ ဖိနပ်တစ်စုံ ဖြစ်တာကြောင့် ကျောက်ချင်ဟာ စိတ်ထဲမှာ အနည်းငယ် ထူးဆန်းသွား သလို ခံစားရလေတယ်။

ကျောက်ချင် အရင်က နေခဲ့ရတဲ့ နေရာမှာဆို ကျိုးကောအာ လို ဆယ်ကျော်သက်လေး တွေက ဖိနပ်ဆိုလည်း ဘရန်းမှ အဝတ်ဆိုလည်း အရောင်တောက်မှ ဝတ်ကြလေတယ်။ ဒါပေမယ့် ကျိုးကောအာ ကတော့ မိသားစုရဲ့ ဝန်ထုတ်ဝန်ပိုးကို အစောကြီး တကည်း က ထမ်းနေရ ပြီပဲ ဖြစ်လေတယ်။

ကျောက်ချင် က ဒူးထောက် ထိုင်ချကာ ကျိုးကောအာရဲ့ ဖိနပ်တွေကို ချွတ်ပြီးတော့ ဒဏ်ရာကို ကြည့်လိုခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now