အပိုင်း ( 31.2)

933 149 0
                                    

(32. 1)

အဒေါ်ကြီးတွေ ဆီ ကနေ ကြားဘူးတဲ့ တစ်ချို့ အတင်းအဖျင်း တွေက ကျိုးကောအာ ရဲ့ ခေါင်းထဲကို တစ်ခဏ ချင်းပဲ ပြေးဝင် လာခဲ့ လေတယ်။

ဘယ်လောက်ပဲ ပျော်ရွှင်ဖွယ် ကောင်းတာ ဖြစ်ပေမယ့် ဘဝ ကြီးကတော့ ဝမ်းနည်းဖွယ်ရာပဲ။ ပြီးတော့ ယောကျာ်း က ဖောက်ပြန် ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေ ကြီးလေ။

ထို စကား တွေက မသင့်တော် ​ပေမယ့် သူ့ရဲ့ ခေါင်းထဲ မှာ အတွဲလိုက် ပေါ်နေ ခဲ့လေတယ်။

ကျောက်ချင် က ဂူ အပြင်ဘက်ကို ကို့ယို့ကားယား နဲ့ လမ်းလျောက် ထွက်လိုက် ပြီးတော့ ရေအေး နှစ်ခွက်ကို ယူကာ လောင်းချ ပြီးတော့ ဂူအကြီး ထဲကနေ ထွက်လိုက်တယ်။

ရေအေး နဲ့ ရေချိုး လိုက် ပြီးတဲ့နောက် သူက အတော်လေး ကို နေလို့ ကောင်း သွား လေတယ်။

သူက ဂူအပြင်မှာ ထိုင်လိုက် ပြီးတော့ သက်ပြင်းချ လိုက်တယ်။ သူက အမြဲတမ်း ပဲ သူ့ဘာသာသူ ကောင်းကောင်း ဂရုစိုက် လေ့ရှိလေတယ်။

သူက ရှောက်ယုနဲ့ အတူတူ နေထိုင်ရတော့ မယ်လို့ ဆုံးဖြတ် လိုက် ကတည်း က သူက စည်းမျဉ်း တွေနဲ့ သူ့ကိုယ်သူ ထိန်းချုပ် ချထား ပြီးသား ဖြစ်လေတယ်။

ရှောက်ယု က ငယ်လေး တဲ့ အတွက်ကြောင့် အခုချိန်မှာ သူက သွားပြီး ရှုပ်လို့ မရသေးတာ ဖြစ်လို့ သူ့ဘာသာ ပဲ နိုင်အောင် ထိန်းထား ရလိမ့်မယ်။

ရွာပြန်ပြီး ဆောက်ပြီး သွားရင်တော့ ရွာသားတွေကို ဖိတ်ပြီးတော့ မင်္ဂလာ ဆောင် စားပွဲ ကျင်းပ ပေးရမယ်။ အခုလည်း ကျိုးကောအာ က သူ့နောက်ကို လိုက်နေတာ မှန်ပေမယ့် သူက ရှောက်ယုအတွက် ဖူလန် အဖြစ် ပေးအပ်တဲ့ အခမ်းအနား တော့ သေချာပေါက် လုပ်ပေး ရမှာပေါ့။

မမျှော်လင့် ထားပါပဲနဲ့ အဒေါ်တွေ က အဲ့အကြောင်း ကို သူ့ထက် ပိုစိိတ်ပူ ပေးနေ ကြပြီတော့ သူ့စိတ်ကိုတောင် ဖွင့်ထုတ် ပေးနေ ကြသေးတယ်လေ !

ဒီနေ့ အတွက် ကတော့ အလိုဆန္ဒ များလွန်း သွားတဲ့ သူ့ကိုယ်သူ လည်း အပြစ်တင် ရမယ် ပြီးတော့ အရမ်းနာခံ လွန်းနေတဲ့ ရှောက်ယု ကိုလည်း အပြစ်တင် ရမယ်။

တံငါသည် (BL) Where stories live. Discover now