အပိုင်း (39.3)

849 142 0
                                    

(39.3)

အမှန်တကယ်တော့ ဒီလို နည်းလမ်း မျိုးကို သူအရင် တုံး ကလည်း တွေးကြည့် ဘူးလေတယ်။ သူက သံဆိုင်မှာ အရစ်ကျ ပေးဝယ်ပြီးတော့ အကင်စင်ကို ပြန်ပြန် ထား ပေး ရတာ လည်း တစ်မျိုးတော့ ကောင်းလေးတယ်။ အဲ့လိုမှ မဟုတ်ရင် ဒီလောက် ကြီးတဲ့ သံ အပိုင်းအစ ကြီးကို နေ့တိုင်း အိမ်ပြန်သယ် သွားရမှာက အဆင် မပြေ ပါပေ။

'' ဆိုင်ရှင် ရေ ဒီမှာ ဇီရာစေ့ ရှိလာဗျ? ''

သူက ကြက်သွန်ဖြူ ကတ်တီ အနည်းငယ် လောက် ဝယ်လိုက် ပြီးတော့ အမွှေးအကြိုင် ရောင်းတဲ့ ဆိုင် ပိုင်ရှင် ကို မေးလိုက်တာ ပဲ ဖြစ်လေတယ်။

ဆိုင်ရှင် က မေးတဲ့ လူကို ကြည့်လိုက် လေတယ်။ ထိုလူက ရိုးရှင်းစွာပဲ ဝတ်ဆင်ထား ပေမယ့် သာမန်လူ တွေလို ဘာမှ မေးမြန်း အတွန့်တက်တာ မျိုးမရှိပဲ ကြက်သွန်ဖြူ ကတ်တီ အနည်းငယ် ကို တိုက်ရိုက်ပဲ ဝယ်ထား တာကိုတွေ့တော့ စိတ်ရှည်စွာနဲ့ ပြန်ဖြေ လိုက်လေတယ်။

'' ဇီရာစေ့?  ဇီရာစေ့ ဆိုတာက ဘာလဲ? ''

ကျောက်ချင်:  .............

အကိုကျောက် ရဲ့ ပညာရေး က အဲ့လောက်ထိ မမြင့်ပါပေ။

အချိန်အကြာကြီး ထိ ပတ်ရှာ ပြီးတဲ့ နောက် သူက နာမည်လေး ကို အနည်းငယ် ပြောင်းပြီးတော့ ဆိုင်ရှင်အား မေးလိုက်ရ လေတယ်။

'' စမုန်စပါး အရိုင်းလေ ''

ဆိုင်ရှင် က ပြုံးလိုက် လေတယ်။

'' စမုန်စပါး အရိုင်းလား!ရှိတာ ပေါ့ကွာ။ ဇီရာစေ့ ဆိုတာ က ငါက ဘာလဲ လို့ တွေးနေ မိတာ လက်စ သပ်တော့ စမုန်စပါးရိုင်း ဖြစ်နေတာ ကိုးကွ။ အဲ့တာ မှာ ဒီလို နောက်ထပ် အမည် တစ်မျိုး ရှိနေတယ်ဆိုတာ ငါတကယ် မသိခဲ့ဘူးလေ။ ''

'' ကျုပ်တို့ ရွာက အဲ့လို့ ခေါ်တာ ဗျ။ အံဩ မသွား ပါနဲ့ဗျာ ''

ကျောက်ချင် က စိတ်သက်သာရာ ရစွာ သက်ပြင်းချ လိုက်ပြီးတော့ ပြုံးလိုက်လေတယ်။

နောက်ဆုံးတော့ ရတော့မှာ ပါလား။

သူ့ခမျာ နှလုံးသား ထဲက အပျော်တွေ ကိုတောင် မဖိနှိပ်ထား နိုင်တော့ ပဲ ပြောလိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now