အပိုင်း (44.2)

960 148 1
                                    

(44.2)

ထိုလူ လည်း ထွက်သွား ပြီးရော ကျောက်ချင် က ဆန်ပြုတ် သောက် လိုက်တယ်။ နောက်တော့ သူက ရှင်းလင်းပြီး ကျိုးကောအာ ကို ပြောလိုက် လေတယ်။

'' ကြည့်ပါအုံး။ အဲ့လူတောင်မှ အပျော်မယ်ဂေဟာ မှာ အလုပ်လုပ်နေ သေးတာ။ ပြီးတော့ ကိုယ့်ဆီ ကိုတောင် စီးပွားရေး ကောင်း တစ်ခု ရောက်လာ ပြီလေ! ''

ကျိုးကောအာ က အရမ်းကို အိပ်ချင်နေတဲ့ ပုံနဲ့ သူ့နောက်ကျော ကို ဆန့်နေတဲ့ အမျိုးသား ကို လှမ်းကြည့် လိုက် လေတယ်။

ကြည့်ရတာ တော့ ဘယ်နေရာမှာ ပဲ အလုပ် လုပ် ပါစေ ဘဝ တွေက တကယ်ကို မလွယ်ကူတာ ပဲကိုး။

ဟုတ်ပါတယ် မနေ့ က သူက ကျောက်ချင် အပေါ်ကို အထင်လွဲ မိတယ်။

ဒါကြောင့် သူက ကျောက်ချင် ကို  ပြန်ချော့တဲ့ အနေနဲ့ နောက်ထပ် ဆန်ပြုတ် တစ်ပန်းကန် ထပ်ထည့် ပေးလိုက် လေတယ် ။

ဒီနေ့ ရဲ့ စီးပွားရေး ကတော့ မနေ့ က ထက်တောင် ပိုပြီး ရောင်းကောင်း လာပါ သေးတယ်။ ပြောရမယ် ဆိုရင် တစ်ဆယ် ကနေ ပြီးတော့ တစ်ရာ အဖြစ်တိုးသွား စေ သလို မျိုးပေါ့။ ပြီးတော့ လူတိုင်း က ဆိုင်လေး ဖွင့်ပြီ ဆိုတာ သိကြ တယ်လေ။

အရင်တုံး က သူတို့က လမ်းဘေး စျေးဆိုင်လေး မလို့ ဝယ်သူ တွေက အကင်တွေ အများကြီး စားချင် ပေမယ့် နှစ်ချောင်း လောက် ဝယ်ပြီး ထွက်သွား ရတာ များတယ်လေ။ အခုတော့ ထိုင်စားဖို့ ဆိုင်ခန်းလေး ရှိမှတော့ သူတို့က ငါးကင် နဲ့ ကြာဇံ မုတ်ကောင် ကင်တွေ ကိုပါ မှာယူ စားကြ တော့လေတယ် ။

ထိုင်ခုံမှာ ထိုင်ပြီး ဇီးချဥ်အေး ကို သောက် ငါးကင် ကို စားရတာ က အရမ်းကို ပဲ စိတ်ကျေနပ် စရာ ကောင်းလေတယ်။

ဒါပေမယ့် ကျောက်ချင် က သူ့ရဲ့ ဆိုင်မှာ ဝိုင် လိုအပ်နေတယ် လို့ ခံစား ရဆဲ ဖြစ်လေတယ်။ အပြင်ကို ထွက်လာတဲ့ အမျိုးသား တွေ မှန်သမျှ က တစ်ငုံ နှစ်ငုံလောက် တော့ သောက်ချင် ကြမှာ ပဲလေ။ အခုချိန်မှာ ဇီးချဥ်အေး က အဆင်ပြေ တယ် ဆိုတာက သောက်ရ တာ အေးပြီး အပန်းဖြေ နိုင်လို့ ပဲ ဖြစ်တယ်။ ပြီးတော့  နွေရာသီ ဖြစ်နေတဲ့ အတွက် ကြောင့် ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now