အပိုင်း (7.2)

2.3K 380 7
                                    

(7. 2)

ကျိုးကောအာ က သူ့ကို ကြည့်နေခဲ့တယ်။ တစ်ခဏ ကြာတော့ သူ့ရဲ့ လက်ကလေးကို ကျောက်ချင် ဆီ ဆန့်ထုတ်လာခဲ့တယ်။ ကျောက်ချင်ရဲ့ နှုတ်ခမ်းထောင့်တွေက ထိုအခါမှသာ ကွေးတက်သွားတော့တယ်။

'' ဒီလိုမှပေါ့ ''

သူက သူ့ရဲ့ အဝတ်လက်လေးကို ကျောက်ချင်ရှေ့မှာ မတင်လိုက်ပေမယ့် သူ့ရဲ့ မျက်ခုံးတွေ ကတော့ တင်းကြပ်စွာ စုကြုံ့ထားခဲ့လေတယ်။

ကျိုးကောအာရဲ့ လက်ပေါ်မှာ အစိမ်းရောင် အညိုရောင် ရှိတဲ့ ဒဏ်ရာ အကြီးအသေးတွေ ရှိနေလေတယ်။ လက်ကောက်ဝတ် နောက်ပိုင်း ဖုံးကွယ်ထားတဲ့ နေရာတွေမှာ ဒဏ်ရာဟောင်း တွေနဲ့ အခုမှ အသစ်လုပ်ထားတဲ့ ဒဏ်ရာတွေ ကို မြင်လိုက်ရတာကြောင့်ကျောက်ချင် တုန်လှုပ်သွားလေတယ်။

'' ဘာတွေ ဖြစ်ခဲ့တာလဲ? ''

ကျောက်ချင် က အကျင့်အရ ပြန်ရုတ်ချင်နေတဲ့ ကျိုးကောအာရဲ့ လက်ကို ဆုတ်ကိုင်ထားလေတယ်။

ကျိုးကောအာ က စိတ်ရှုပ်ထွေးစွာနဲ့ မျက်တောင် ခတ်လိုက်တယ်။

'' အဲ့တာ က အဆင်ပြေ ပါတယ် ''

ကျောက်ချင် က ကျိုးကောအာ ရဲ့ လက်ကို ဆုပ်ကိုင်ထားဆဲ ပါပဲ။ အရင်တုံး ကသာ ရိုက်နှက်မထားဘူး ဆိုရင် ဒီဒဏ်ရာတွေ အများကြီး က ဘယ်နေရာ ကနေ ရောက်လာမှာ တဲ့လဲ?

ကျောက်ချင် အနည်းနဲ့ အများတော့ ခန့်မှန်း မိပါတယ်။

ဒါက မူလ ကိုယ် လုပ်တာပဲ။

သူက ဘယ်လိုလုပ် ဆယ်ကျော် သက်လေးကို အနိုင်ကျင့်ရဲတာလဲ?

သူက ဘယ်လို ကောင်လဲဟ?

တိတ်တဆိတ်ပဲ ကျောက်ချင် က ကျိုးကောအာ ရဲ့ လက်ကို ညင်သာစွာ သုတ်ပေး နေခဲ့တယ်။ ပြီးတော့ အသားမာတွေ ပြည့်နေတဲ့ လက်ဖဝါး တစ်စုံဟာ ကျောက်ချင် ထို အရွယ်မှာ ရှိနေစဥ် ကနဲ့ အလွန့်ကို ကွာခြားလေတယ်။

အိုးထဲက ရေနွေးတွေကို အကုန် လောင်းထည့် ပြီးတော့ ဖိနပ်လေးကို ချွတ်ပေးကာ ခြေထောက်ကိုပါ ဆေးကြောပေးဖို့ လုပ်လိုက်တယ်။

ဘယ်ခြေကို အရင်ဆုံး ချွတ်ပေးကာ အနာက သွေးထက်ပြီး ထွက်နေသလား ဆိုတာကို စစ်ဆေး ကြည့်လိုက်တယ်။

တံငါသည် (BL) Where stories live. Discover now