အပိုင်း (34.1)

902 143 0
                                    

( 34.1)

နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူး ပြီးတဲ့ ပထမဆုံး ရက်ဟာ ဒုတိယ နှစ်ရဲ့ ပထမဆုံး နေ့သစ်ပဲ ဖြစ်လေတယ်။

နှင်းတွေက ရက်ပေါင်း များစွာ ကျ ပြီး သွားပြီ ဖြစ်တာ ကြောင့် တောင်ကြီးရဲ့ ကွင်းပြင် ကျယ်တွေ မှာဆိုရင် နှင်းလွှာ အထူကြီး တွေတောင် ဖြစ်နေ ခဲ့ပါပြီ။

လုံခြုံစေ ဖို့ ရန် အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်း က သူတို့ဟာ အပြင်ကို ဘယ်သူမ အလုပ် ထွက်မလုပ် ကြတော့ ပါပေ။

အပြင်ဘက်က တိုက်ခတ်နေတဲ့ လေအေး တွေကို အခွင့်ကောင်း ယူပြီးတော့ ဘယ်သူ မှ မ ထကြ သေးခင် ကျောက်ချင် က  ကျိုးကောအာ ကို ခေါ်ကာ အတူတူ အစောကြီး အပြင်ထွက်ဖို့ ​ပြောခဲ့ လေတယ်။

နှစ်ယောက် လုံးက မြစ်ဆီကို အတူတူ သွားခဲ့ လေတယ်။

မြစ်ပေါ်မှာ ပါးလွှာတဲ့ ရေ ခဲ တစ်လွှာ တစ်ထပ်တောင် ​ရှိနေ ပြီး ဖြစ်လေတယ်။ သူက တံစဥ် နဲ့ ရေခဲလွှာ ကို အပေါက် ဖောက် လိုက် ပြီးတဲ့နောက် ရေခဲလွှာ အောက် က ရေတွေက စီးဆင်း နေဆဲ ပဲဖြစ်လေတယ်။

'' အကို က ငါးဖမ်း ချင်လို့လား? ''

ကျိုးကောအာ က သူ့လည်ပင်း ကို ချိုး လိုက်ကာ ကျောက်ချင် တစ်ယောက် ရေခဲတုံး တွေကို ဆိုးဝါးစွာနဲ့ အပေါက် ဖောက် နေတာကို စောင့်ကြည့် နေရလေတယ်။

ကျောက်ချင် က ရေပုံးတစ်ခု ကို ဆွဲထုတ် လိုက် ပြီးတော့ ကျိုးကောအာ ကို ပေးလိုက် လေတယ်။

'' မြစ်ရေ တွေကို ဒီရေပုံး နဲ့ ခပ်လိုက်ချည်''

ကျိုးကောအာ က သူ့စကား အတိုင်း လိုက်ပြီးတော့ လုပ် လိုက်လေတယ်။ သူက ကမ်းခြေဆီကို ရေပုံးနဲ့  အများကြီး ခေါက်တုံ့ ခေါက်ပြန် ဆွဲ သွား ခဲ့လေတယ်။

အခု က အေးစက်တဲ့ ဆောင်းရာသီ ဖြစ်တဲ့ အတွက်ကြောင့် သူတို့က အဲ့ရေပုံးတွေကို ညလုံးပေါက် ထားလို့ ရပြီလေ။ မနက်ကျရင် အဲ့နေရာမှာ ရေခဲတုံး အကြီးကြီး ကို ရရှိမှာပဲ ဖြစ်လေတယ်။

ကျောက်ချင်က ဆောင်းရာသီ အတွင်း ရေခဲတုံးတွေ အများကြီးကို စုဆောင်း ချင်တာ ပဲ ဖြစ်လေတယ်။ အချိန်ကျလာတဲ့ အခါထိုရေခဲ အတုံးကြီး ကို အသေးလေး တွေဖြစ်အောင် အစိတ်စိတ် အမွှာမွှာ ခွဲ ပြီးတော့ အရင်က ဖမ်းထား ခဲ့တဲ့ ငါးတွေကို ရေခဲရိုက် ပြီး အချိန်အကြာကြီး အထိ ထိန်းသိမ်း ထား ချင်လို့ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now