အပိုင်း (46)

1.4K 177 3
                                    

(46)

စားသောက်ဆိုင် တစ်ခု ရဲ့ အကျိုးအမြတ် ရလဒ် တွေက  အရမ်းကို မြင့်ပါတယ်။

အမှန်တော့ ဝိုင် ကို အဓိက ထားရောင်းတဲ့ ဆိုင်မျိုးတွေ မှာပေါ့လေ။

နေ့ခင်းပိုင်းမှာတော့ စားသောက်ဆိုင် ကနေ မှာယူ ထားတဲ့ ဝိုင်အိုးတွေကို ပို့လာ ခဲ့လေတယ်။

မှာယူ ခဲ့တဲ့ အိုးတွေ ရောက်လာတာ ကို တွေ့တော့ ကျောက်ချင် က ဝိုင်အိုး ကို ဖွင့်ကာ အရသာ မြည်းကြည့် လိုက် လေတယ်။

စပ်တဲ့ အရသာ က တကယ်ကို အနေ တော်ပါပေ။ ဆိုင်ပိုင်ရှင်က ရေတွေ ရောပြီးတော့ ဝယ်သူတွေကို အရူးလုပ်တဲ့ အလုပ်မျိုးကို တကယ် မလုပ်ခဲ့ ဘူးပဲ ။

အဆုံးမှာတော့ သူက ဆက်ဆံရေး ကောင်း တစ်ခု တည်ဆောက် လိုတာ ပဲ ဖြစ်တယ်။ အနာဂတ်မှာ သူတို့ က ပူးပေါင်း ပြီးတော့ ထပ်ကာ ဆောင်ရွက်ကြ ရ အုံးမှာ ပဲလေ။

'' နောက်အခါ ကျ ရင် ဝယ်သူ က သောက်စရာ တစ်ခုခု မေးတဲ့ အခါ အကို က ဒီသောက်စရာ တွေကို ထုတ်ပေး လာလို့ ရပြီနော် ''

ကျိုးကောအာ က ဝိုင်အိုး အဖုံးတွေ ကို ပြန်စည်း ပြီးတော့ လက်ခုပ်တစ်ချက်တီးကာ ပြောလိုက် လေတယ်။

ဆိုင် ကို သန့်ရှင်းရေး လုပ် ပြီးတာ နဲ့ စုံတွဲ ဟာ ဆိုင်ကို ဖြေးဖြေးချင်း ဖွင့်လိုက် တော့လေတယ်။

ကျောက်ချင် က ကျောက်မီးသွေး ကို မီးညှိ နေရင်း နဲ့ ပြောလိုက် လေတယ်။

'' ကိုယ်တို့ မှာ ပင်လယ်စာ တွေ သိပ်ပြီးတော့ မကျန်တော့ဘူး ။ ဒါကြောင့် မနက်ဖြန် ကျရင် ကိုယ်တို့ ရွာပြန် ကြရအောင်။ ပြန်ပြီးတော့ ရွာသားတွေ ဆီကနေ ဒီ့ထက် ပိုပြီး ပစ္စည်း တွေကို ဝယ်ရမယ် ''

'' ဟုတ်ပြီ ''

ကျိုးကောအာ က သဘောတူ လိုက် လေတယ်။

ပြီးတော့ အဲ့တာ က တကယ်ပဲ ကောင်းပါတယ်။ ဒီရက်တွေ ထဲမှာ ဖင်လှည့် ခေါင်းလှည့် နဲ့ပဲ ဆယ်ရက်ကျော် ကုန်သွားတာ ကြောင့် သူလည်း အတော်လေး ပင်ပန်း မူးဝေ နေပြီ လို့ ပြောလို့ ရလေတယ်။

နှစ်ယောက် သား က အချင်းချင်း စကားတွေ ပြောဆို နေကြ လေတယ်။ ထိုစုံတွဲ က ဆိုင်ကို ညနေပိုင်း ၄ နာရီ ကြား ၅နာရီ လောက် မှ ပြန်စ ဖွင့်ခဲ့တာ ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now