အပိုင်း (4. 1)

2.4K 358 1
                                    

(4. 1)

စျေးထဲမှာ ငါးတွေ ကို အထူးသဖြင့် စုဝယ်တဲ့ စားသောက်ဆိုင်တွေ ရှိကြ လေတယ်။ ပြီးတော့ အဲ့မှာ ရောင်းတာ က ပိုပြီးတော့ မြန်လေတယ်။ ဒါပေမယ့် စားသောက်ဆိုင် တွေရဲ့ လိုအပ်ချက် က ပမာဏ နည်းလေတယ်။ သူတို့ဆီမှာ လည်း ငါးစုဖို့ ရာထူးခန့်အပ်ပေး ထားတဲ့ သူတွေလည်း ရှိလေတယ်။

သဘာဝ ကျစွာပဲ တံငါသည် တွေက ငါးဒိုင်တွေဆီကို မရောင်းလို ကြပေ။ ဘာလို့လဲ ဆိုတော့ သူတို့ပေး တဲ့ စျေးက သိပ်မကောင်းတာ ကြောင့် ပဲ ဖြစ်လေတယ်။ ဒါ့အပြင် သူတို့က ငါးစျေးမှာသာ ရောင်းလို့ရလေတယ်။ နေထိုင်သူတွေက သုံးကောင်၊ လေးကောင် လောက် ဝယ်ကြပေမယ့် သူတို့တွေ အတွက်က တစ်ခါတစ်လေ အဲ့လောက်တောင် မရောင်းရတဲ့ နေ့တွေ ရှိပါတယ်။

အကျဥ်းချုပ်ရရင်တော့ တံငါသည်တွေ ရဲ့ ဘဝ က အတော်လေးကို ခက်ခဲလေတယ်။

ကျောက်ချင် က စျေးကို ရောက်တဲ့ အခါ သူက ကျန်တဲ့ လူတွေနဲ့ လမ်းခွဲ ပြီးတော့ သွားလေတယ်။

သူက စျေးထဲမှာ ဆေးဆိုင်ရှိသလား ဆိုတာကို ပတ်ရှာခဲ့လေတယ်။ စျေးက သိပ်ပြီးတော့ မကြီးပါပေ။ ဆိုင်အကြီးကြီးတွေနဲ့ နေရာကောင်းတွေကို ရှာလိုရင်တော့ ဒီနေရာကနေ တစ်ရက်လောက် လမ်းလျောက်သွား ရမှာ ဖြစ်လေတယ်။ ဘာလို့လဲဆိုတော့ စျေးကြီးက မြို့လယ်ခေါင်မှာ ရှိလို့ပဲ ဖြစ်လေတယ်။

သူက ဆေးဆိုင်လေးကို သွားပြီးတော့ ပြက်ရှဒဏ်ရာတွေကို ကုသနိုင်မယ့် ဆေးမျိုးကို ဆိုင်ရှင်ဆီ မေးကာ ဝယ်လေတယ်။ ပြီးတော့ ဆန်တွေ ရောင်းတဲ့နေရာ ဆီကို သွားပြီးတော့ ဆန်ဝယ်ဖို့ လုပ်လေတယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်မှာ အိုး က ဆန်ချက်ဖို့လောက်ထိ မကြီးဘူး ဆိုတာကို သူသိလေတယ်။

သူက နှစ်ခု သုံးခု ပဲ ဝယ်ရသေးတယ် အိတ်ထဲက ငွေတုံးက တစ်တုံးနဲ့ တစ်ဝက်သာ ကျန်ပါတော့တယ်။ သူတို့ထွက်လာတုံး က အတော်နောက်ကျ နေပြီပဲ ဖြစ်လေတယ်။ အချိန် က အရမ်း မစောတော့ပေ။

သူက စုဝေးနေရာကို စောစောပြန်ဖို့ လုပ်လေတယ်။

ကျိုးကောအာ က သူ့ရဲ့ ခြေထောက် နာကျင်နေတာ ဖြစ်တဲ့ အတွက်ကြောင့် ထိုကောင်လေး တစ်ယောက် ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။ သူသာ အချိန်မှီ ပြန်မရောက်ရင် ကောင်လေး က ဆိုးတာ တစ်ခုခု ဖြစ်မှာကို သူကြောက်နေတာ ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now