အပိုင်း (1.1)

7.5K 518 4
                                    

(1. 1)

နေ့လည်စာ စားပြီးတဲ့နောက် အချိန်က သိပ်မကြာသေးပါပေ။

ကြည်လင်နေတဲ့ ကောင်းကင် ကြီး က ရုတ်တရက် မဲမှောင်လာတယ်။

ကျိုးကောအာ ဟာ မီးဖိုထဲမှာ ပန်းကန်တွေ ဆေးနေခဲ့လေတယ်။ သူ့အမျိုးသားဟာ မနက်ခင်း စောစော ထွက်သွားပြီးတော့ နေ့လည်စာ စားဖို့လည်း ပြန်မလာခဲ့ပေ။

အိမ်မှာ သူ တစ်ယောက် သာ ကျန်နေခဲ့လေတယ်။

သူ့ယောကျာ်း က နေ့တိုင်း ၃ ရက်နဲ့ ၅ရက်ကြား ဆို အမြဲတမ်း ပြေးလွှားနေခဲ့ ပြီးတော့ အမြဲတမ်း ညနောက်ကျမှ ပဲ ပြန်လာခဲ့လေတယ်။ ဒါကို ကျိုးကောအာ က အတော်လေး ကို နေသားကျနေခဲ့ပါပြီ။

သူက အခန်းထဲက အလင်းရောင် က တဖြေးဖြေး မှောင်လာတာကို ကြည့်နေပြီးတော့ သူက လှည်ပင်းကို လှည့်ကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။

အပြင်ဘက်မှာ လေကြမ်းတွေ တိုက်နေလေတယ်။ သူက ပင်လယ်နားမှာပဲ အချိန်အတော်ကြာ နေခဲ့တဲ့ သူဖြစ်တာမလို့ အတွေ့အကြုံ အရဆို ခဏနေရင် မိုးရွာတော့မှာ ဖြစ်လေတယ်။ ဒါကြောင့်မို့ သူက လုပ်လက်စ အလုပ်တွေကို လက်ထဲ ကနေ ပစ်ချ လိုက်တယ်။

အပေါ်ထပ်ကို လှေကား အထစ်အနည်းငယ် ကနေ တက်သွားကာ လှေကား က အိုဟောင်းနေတာဖြစ်လို့ ခြေလှမ်းတိုင်း မှာ တကျွီကျွီ မြည်နေခဲ့လေတယ်။

အပေါ်ထပ် က ပြတင်းပေါက်မှာ ဝါးလုံးတန်း ရှိနေလေတယ်။ ထိုအပေါ်မှာ  ကြမ်းထော်နေတဲ့ အဝတ်စတွေကို  ချိတ်ထားတာ ဖြစ်လို့ ထိုတွေက လေကြောင့် တဖျပ်ဖျပ် လွင့်နေခဲ့တယ်။

အဲ့တာတွေက မနက်ခင်း ပိုင်းက လျှော်ထား ခဲ့တာ ဖြစ်လို့ အခုချိန်မှာတော့ ခြောက်နေပြီပဲ ဖြစ်လေတယ်။ သူက လက်ကို ဆန့်ထုတ်ကာ အဝတ်တွေကို လှမ်းရုတ် နေပြီး လက်ပေါ် ကို တင်ထားလေတယ်။

သူ့ရဲ့ လက်တစ်ဖက်မှာ မရေမတွက်နိုင်တဲ့ အပြာရောင် သန်းနေတဲ့ ဒဏ်ရာတွေ ရှိကာ လေက အတိုက်ကြမ်းလို့ ဝါးလုံးကို ခါသွားစေလို့ သူ့ရဲ့ ဒဏ်ရာကို ရိုက်မိသွားလေတယ်။ သူက မျက်မှောင်ကိုပဲ ကြုတ်ထားလိုက်ပြီး အဝတ်တွေ ရုတ်သိမ်းကာ အိမ်ထဲကို ပြန်ဝင်လာပြီးတော့ ပင်လယ်နဲ့ မျက်နှာချင်းဆိုင် နေတဲ့ တံခါးပေါက်ကို ပိတ်လိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now