အပိုင်း (28.1)

1.4K 195 2
                                    

(28.1)

ဒီကောင်မလေး ကို သူ့ဘေးနားမှာ ထားပြီးတော့ သေချာလေး စောင့်ရှောက်ပေး နေတာ တောင်မှ သူမရဲ့ နှလုံးသား ထဲကို တစ်ခြား အမျိုးသား တစ်ယောက် ကဝင်နိုင်နေ သေးတယ်ပေါ့။

အမှန်တော့ သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်တဲ့ ညီမလေး က စိတ်ထဲမှာ ကြိုက်နေတဲ့ လူ တစ်ယောက် ရှိတယ် ဆိုရင် ဟော်ဆန်းအာ တကယ် ပျော်ရွှင် ပေးရမှာပါ။ ဒါပေမယ့် အဲ့အမျိုးသားက ကျောက်ချင်သာ ဆိုရင်တော့ ကိစ္စတွေက တစ်မျိုး ပြောင်းသွား ပြီပဲ။

တစ်နေကုန်ပဲ ကျောက်ချင် ရဲ့ မျက်လုံးတွေက ကျိုးကောအာ ဆီ ကနေ မှ မခွာတာ ပဲလေ။

ဒါတောင် သူ့ညီမ က ကျောက်ချင် ကို တစ်စုံ တစ်ယောက် အဖြစ် စိတ်ထဲ ထည့်ထား ဆဲ ပဲလား။

ဒါ့အပြင် ဒါကိုသာ ကျိုးကောအာ သိသွားရင် လည်း သူငယ်ချင်း ဟောင်းကြီး ဖြစ်တဲ့ သူကပဲ မျက်နှာပျက် ရအုံးမယ်။

သူက ကလေးမလေး ကို ခေါ်ကာ စောလျင်စွာ ပဲ မေးလိုက်တယ်။

'' နင်က တကယ်ကြီး အလေးအနက် ဖြစ်နေတာလား? ''

ဟော်လင်းလင်း က သူ့ကို အသာလေး တွန်းထုတ် လာလေတယ်။

'' အကိုကြီး ဘာတွေ လာပြီးတော့ မေးနေတာလဲ? ''

ဟော်ဆန်းအာ က နစ်မြုပ် သွားသလို ခံစားလိုက်ရတယ်။

အဲ့တာ က တကယ်ပဲကိုး။

'' လင်းလင်း မင်းအကိုကြီး ပြောတာကို နားထောင်ပါ။ အခုချိန်မှာ မင်းက ငယ်ငယ်လေး ပဲ ရှိနေ သေးပြီးတော့ ငါတို့တွေက ဂူထဲမှာ ပဲ နေရသေးတယ်။ ဒီကိစ္စကို နောက်မှ ဆွေးနွေး ကြတာပေါ့။အဲ့လို ဖြစ်နိုင်တယ် မဟုတ်လား ''

နောက်ပိုင်း ကျရင် သူတို့က ကျောက်ချင် တို့နဲ့ ခွဲနေ ရတော့မှာ ဆိုတော့ အဲ့ အခါ သူ့ညီမလေး ရဲ့ စိတ်က ပြောင်းလဲ သွားမှာပါ။

ဟော်လင်းလင်း က သူမရဲ့ အကိုကြီးကို ကြည့်လိုက် ပြီးတော့ သူမရဲ့ မျက်လုံးတွေကို အောက်ကို နိမ့်ချ လိုက်တယ်။

သူမ က သူမ အကိုကြီး ပြောချင်တာ ကို သဘောမပေါက် ပဲ နေပါ့မလား။

တံငါသည် (BL) Where stories live. Discover now