အပိုင်း (40.3)

1.3K 191 0
                                    

(40.3)

ကျိုးကောအာ က ပြောချင်တဲ့ သူ့ရဲ့ စကားတွေကို ပြန်ပြီး မျိုချ လိုက်ပြီးတော့ အသံတိုးတိုး လေးနဲ့ ပြောလိုက် လေတယ်။

'' ကျွန်တော် က အကို့ကို ပြဿနာ တွေ အများကြီး ဖြစ်စေ မိပြီလား ဟင်? ''

'' ဒီအကြောင်း တွေကို ဆက်ပြီးတော့ မတွေးနဲ့တော့။ ကိုယ်က ဒီလို လုပ်ဖို့ အရင်ကတည်း က တွေးထား ခဲ့ ပြီးသား လေ။ ဒါကြောင့် ကိုယ့်ရဲ့ ဆန္ဒ တွေလို့ ပဲ မင်း မှတ်ယူထားလို့ ရတယ်။ ''

ကျိုးကောအာ က ခေါင်းကို မော့ပြီးတော့ ကျောက်ချင် ရဲ့ နူးညံ့ သိမ်မွေ့တဲ့ အကြည့်တွေကို ပြန်ကြည့် လိုက် လေတယ်။

သူ့ရဲ့ မလွာ်ကူစွာ ရှုပ်ထွေး နေတဲ့ နှလုံးသား လေးက အခုချိန်မှာတော့ တည်ငြိမ် သွားပြီ ပဲ ဖြစ်လေတယ်။

'' ကောင်းပါပြီ။ ကျွန်တော် အကိုကျောက် ပြောတာ ကိုပဲ လက်ခံ ပါ့မယ် ''

ကျောက်ချင် က ကျိုးကောအာ ရဲ့ခေါင်း လေးကို  စိတ်ကျေနပ်မှု ပြည့်ဝစွာ နဲ့ ထိလို ခဲ့လေတယ်။ ဒါပေမယ့် သူ့လက် က အနည်းငယ် အဆီတွေ ဝေ့နေတာ ကို တွေးပြီးတော့ ကောင်လေး ရဲ့ နဖူး ကိုသာ ထိပြီး စိတ်သောက ရောက်စွာနဲ့ လက်ကို ပြန်ဆုတ်လိုက် လေတယ်။

'' ကိုယ်တို့ ပြန်ရောက်ရင် ရွာလူကြီး ကို ကိုယ်သွား ပြီးတော့ ပြောလိုက်မယ်။ တစ်ခြားသူတွေ လည်း သိရ စေမယ်။ ပြီးတော့ အဲ့ပွဲကို မင်းရဲ့ မွေးနေ့ မှာ တစ်ခါတည်း ကျင်းပ ကြမယ်။ ဒီရက်တွေမှာ ကိုယ်တို့က ဘာဘီကျူး ရောင်းရင်း နဲ့ ညနေခင်း ပြန်မယ့် အချိန်ဆို ကိုယ်တို့က ပွဲအတွက် လိုအပ်တဲ့ ပစ္စည်း တွေကို တစ်ခု ပြီး တစ်ခု  ဝယ်သွား ကြတာ ပေါ့ ''

နှစ်ယောက် သား က သူတို့ မင်္ဂလာ ပွဲမှာ ဘာတွေ ကျွေးမလဲ ဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့လေတယ်။ ကျောက်ချင် ကတော့ ရွာကို ပြန်ရောက်တဲ့ အချိန်မှာ ထိုသတင်း ကို ကြော်ငြာဖို့ မစောင့်နိုင် တော့ပါပေ။

ထိုကိစ္စကို ကိုင်တွယ် ပြီးသွားတဲ့ အခါ ထိုစုံတွဲက မနက်ဖြန် ရောင်းရမယ့် ပစ္စည်းတွေ ကို အများကြီး ကြိုပြင်ထား ကြ လေတယ်။ ပြီးတော့ အစောကြီး ပဲ ရှိသေးတယ်လေ။

တံငါသည် (BL) Donde viven las historias. Descúbrelo ahora