အပိုင်း (3.3)

2.4K 385 8
                                    

(3.3)

ဟိုဆန်းအာ က ဘာများ ဆက်ပြီးတော့ ပြောနိုင်တော့မှာလဲ။ သူက စကားလမ်းကြောင်း ကို လွဲလိုက်လေတယ်။

'' ကျိုးကောအာ က ရိုးသားပြီးတော့ ထိန်းရလွယ်တယ်။ မင်း သူ့ကို လက်ထပ် တာ က ကောင်းချီး တစ်ခုပဲ ''

ကျောက်ချင် က သူ့ရဲ့ မျက်ခုံးကို ပင့်ပြီးတော့ မေးလိုက်တယ်။

'' ကျိုး.....ကောအာ? ''

သူ့ရဲ့ ထူးဆန်းတဲ့ မျက်နှာကို တွေ့တော့ ဟိုဆန်းအာ က ရယ်လေတယ်။

''ဘာမှားလို့လဲ?  သူက ကော တစ်ယောက် ပဲလေ ။ မင်းတောင် သူ့ကို အမြဲတမ်း ဒီလိုပဲ ခေါ်လာတာ မဟုတ်ဘူး လား? ဘာများ ထူးဆန်းနေလို့လဲ? ''

ကျောက်ချင် က လှည့်ပတ် ပြောပြီးတဲ့နောက် သူက ဒီနေရာမှာ အမျိုးအစား ၃ ခု ရှိတယ်ဆိုတာ ကို သိလာရလေတယ်။

အမျိုးသား ၊ အမျိုးသမီး နဲ့ သူတို့တွေကြားထဲက ကော ဆိုတဲ့ သူတွေ ။

နောက်ဆုံးမှာတော့ သူက ဘာလို့ ယောကျာ်း တစ်ယောက် ကို လက်ထပ်နိုင်သလဲ ဆိုတာကို သဘောပေါက် သွားတော့တယ်။ သေချာရှင်းလင်းစွာ ဖော်ပြ ရရင် ကော ဆိုတာက အမျိုးသား တစ်ယောက် မဟုတ်ပေ။

အဲ့လိုဆိုတော့မှ သူက ကျိုးရှောက်ယု ကို ပိုပြီး ငြင်သာစွာ ပြောဆို ဆက်ဆံ သင့်ပြီးတော့ ယောကျာ်း လေး တစ်ယောက် လို မဆက်ဆံ သင့်ဘူးလို့ တွေးလိုက်မိတယ်။

နွားလှည်းစီးတာ သိပ်မကြာသေးပဲ ရုတ်တရက် ရပ်သွားတော့ သူ့အတွေးတွေ ကလည်း ရပ်သွားလေတယ်။

တစ်စုံတစ်ယောက် က နွားလှည်းကို လိုက်စီးတာ ပဲ ဖြစ်လေတယ်။ ကျောက်ချင် က အသစ်တက်လာတဲ့ လူတွေကို ဂရုစိုက် နေဖို့ အာရုံထဲ မရှိပေ။ ဒါပေမယ့် ကောင်မလေး နှစ်ယောက် ရဲ့ စကားပြော တာကို ကြားလိုက်ရတဲ့ အတွက်ကြောင့် သူက အနောက်ကို လှည့်ကြည့်လိုက်လေတယ်။

'' ချောင်ဖန် ၊ မနေ့က ကျောက်ချင် က လှေပေါ်ကနေ ပြုတ်ကျ သွားပြီးတော့ ပင်လယ်ထဲကို ကျသွားတယ် လို့ ငါကြားလိုက်ရတယ်။ နင်ကော သူ့ကို တွေ့ပြီးပြီလား ?''

ထိုကောင်မလေး က ငါးတောင်းကို ကျောပိုးထားကာ ချောင်ဖန် အမည်ရှိတဲ့ ကောင်မလေးကို ပွတ်ပြီး အပြုံးကြီးနဲ့ မေးနေလေတယ်။

တံငါသည် (BL) Where stories live. Discover now