(28.2)
'' ချန်းကောအာ မင်း က ငယ်တော့တာ လဲ မဟုတ်ဘူး ။ ဘာတွေများ သွားဖို့ရာ ကို စိတ်တွေ ပူနေရတာလဲ။ သွားသာ သွားလိုက်ပါ ''
ရွာလူကြီး က ချန်းကောအာ ကို ဂူအပြင်ဆီ တွန်းပို့ရင်းနဲ့ လေသံ တိုးတိုးလေး နဲ့ ပြောလိုက်တယ်။
'' ကျောက်ချင်ရဲ့ ဂူထဲမှာ အိမ်ထောင်မပြု ရသေးတဲ့ လူပျိုတွေ ရှိတယ်။ သူတို့ကို တစ်ချက် ကြည့်ခဲ့ပေါ့။ မင်းက အခုဆို အသက် ၁၇ ဖြစ်နေ ပြီကို။ မင်းကို ယူမယ့် အမျိုးသား ရှာမတွေ့ သေးဘူး ။ အခုတော့ ကြည့်ပါအုံး နေ့တိုင်းပဲ ဂူထဲမှာ နေရပြီးတော့ စားဖို့ သောက်ဖို့ က ပူပန်နေရ ပြန်ပြီ။ မင်းဘယ် အချိန်မှ သူများကို မှီခို ရမလဲ ဆိုတာကို ငါမသိဘူး။ ဒါကြောင့် မင်း က ဟိုဘက် ဂူကို သွားရင်း လမ်းလေးလျောက် ပြီးပတ် ကြည့်ခဲ့။ မင်း သဘောကျတဲ့ သူ တွေ့ရင် အဲ့တာ က အားလုံး အတွက် ပိုကောင်း သွားတာ ပေါ့။ ''
ရှုချန်း က အသီးခြင်း ကို ညိုမှောင်နေတဲ့ မျက်နှာထား နဲ့ ကိုင်ထား လေတယ်။
'' ရွာလူကြီး ခများ က ကျုပ်ကို ပစ္စည်း သွားပို့ စေချင်တာလား ဒါမှမဟုတ် တစ်ယောက် ယောက် သွားရှာ ခိုင်းချင် နေတာလား?''
ရွာလူကြီး က ကြင်နာ စွာနဲ့ ပြုံးလိုက်တယ်။
'' ပစ္စည်းတွေ သွားပို့ပေး တာကတော့ သေချာပေါက် အဓိက ကိစ္စပေါ့လေ။ ဒါနဲ့ အခုလို ငါ ပြောနေရတာ က မင်းအတွက် ကောင်းဖို့ ချည်းပဲ မဟုတ်ဘူးလား ။ မင်းရဲ့ မိဘတွေက မင်းကို အမြဲတမ်း စောင့်ရှောက်ပေးဖို့ ပြောခဲ့တာလေ။ အဲ့လိုမှ မဟုတ်ရင် ငါ အသက်ကြီး လာတဲ့ အခါ မင်းအတွက် ပူပေး နေရအုံးမှာတဲ့လား ''
ချန်းကောအာ ခမျာ ရွာလူကြီး က ဒီထက် ပိုပြီးတော့ ပွစိပွစိ ပြောလာမှာ ကို ကြောက်သွား လေတယ်။
အစကတော့ ပစ္စည်းတွေ သွားပို့ဖို့ တုံ့ဆိုင်း နေတဲ့ ချန်းကောအာ ခမျာ မတက်နိုင်ပဲ အမြန် အရှိန်ကို တင်လိုက် ရလေတယ်။
'' ကျုပ်သိပြီ။ ရွာလူကြီး ပြန်ဝင်တော့။ ကျုပ်သေချာပေါက် ပစ္စည်းတွေကို အရောက်ပို့ ပေးခဲ့မယ်။ ''
![](https://img.wattpad.com/cover/338310504-288-k296544.jpg)
YOU ARE READING
တံငါသည် (BL)
Historical FictionName - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no abused ၊ 1vs 1 ၊ male wife ၊ acient time business ၊ #is_not_my_own #just_translation စနေ နေ့တိုင်း တ...