အပိုင်း (27.2)

1.5K 230 2
                                    

(27.2)

ကျောက်ချင်က ကောင်လေးကို လွတ်ပေး လိုက်ပြီးတော့ အလေးအနက် နဲ့ ​ပြောလိုက်တယ်။

'' အဲ့တာ ကို လူတိုင်း ကို မပြောပြ နဲ့နော်။ အဲ့တာ က ကိုယ် နှစ်ယောက် ကြား က လျှို့ဝှက်ချက် လေးပဲ။ ဟုတ်ပြီလား? ''

ကျိုးကော အာ က သူ့ရဲ့ ခေါင်းကို မြင့်လိုက်ကာ မျက်နှာပေါ်မှာ လည်း အလေးအနက်ထား တဲ့ ဟန် ပေါ်နေခဲ့လေတယ်။

'' ကျွန်တော် က ဘယ်လိုလူ မျိုးမလို့လဲ? ဒီအရေးကြီး ကိစ္စ ​ဖြစ်တဲ့ ခများရဲ့ အကြောင်းကို တစ်ခြားလူတွေ ဆီကို ပြောပြ မယ့်သူ လို့ ထင်နေတာ လား? ''

သူနဲ့ အကိုကျောက် တို့က အရင်းနှီးဆုံး ဆက်ဆံရေး ရှိတဲ့ သူတွေ ပဲ ဖြစ်လေတယ်။ သူက တုန်လှုပ်စရာ ကောင်းလောက်အောင် သူ့အမျိုးသား ဆီမှာ နေရာလွတ် တစ်ခု နဲ့ ငါးဖမ်း ကိရိယာတွေ အများကြီး ရှိနေတာ ကို တွေ့ခဲ့ ရပြီးပြီ။

သူက အဲ့တာ ကို တွေ့ပြီးတာ တောင်မှ ပဲ သူ့ရဲ့ အကိုကျောက် ကို မကောင်းဆိုးဝါး တစ်ကောင်လို့ မမြင်ဘူး လေ။ တကယ်လို့ တစ်ခြား သူတွေသာ အဲ့အကြောင်း ကို သိသွားရင် စိတ်နှလုံး မကောင်းတဲ့ သူ ရှိရင် ဘယ်လို လုပ်ကြ မတဲ့လဲ။

ဒါကြောင့် ဒီလျှို့ဝှက်ချက်ကို သိရင်တောင်မှ ပဲ ကျိုးကောအာ က ဗိုက်ထဲမှာပဲ မြိုချ ထားကာ ကျောက်ချင်ကို တစ်ခြား လူတွေ ရန် ကနေ ဖုံးကွယ် ပေးသွားမှာ ပဲ ဖြစ်လေတယ်။

'' မင်းလေး ကတော့ တကယ်ကြီး အပြောတက်တာ ပဲ! ''

ကျောက်ချင် က ကျိုးကောအာရဲ့ ခေါင်းလေး ကို အသာပုတ် ပြီးတော့ ထိုအဖြေ အတွက် အရမ်းကို ပျော်ရွှင်နေ ခဲ့လေတယ်။

'' ဒီငါးဖမ်း ကိရိယာ အသစ်နဲ့ ငါးဘယ်လို ဖမ်းရမလဲ ဆိုတာကို အကိုကျောက်  မင်းကို သင်ပေးမယ် ''

ကျိုးကောအာ က ကို့ယို့ကားယား နဲ့ ခေါင်းငြိမ့် ပြလိုက် လေတယ်။

အမှန်တော့ ဒီနေရာမှာ ဘာမှ သင်စရာမရှိပါပေ။ ငါးဖမ်း ကိရိယာတွေ အများကြီး ကို ထုတ်ပြီးတော့ သင်ပေးဖို့ က မဖြစ်နိုင်ပေ။ တကယ်လို့ ဟော်ဆန်းအာ တို့လှေသာ ဒီဘက်ကို လှော်လာ ခဲ့လို့ ရှိရင် သူက အဲ့တာ တွေကို ပြန်သိမ်း ဖို့ အချိန် ရှိတော့မှာ တောင် မဟုတ် ပါပေ။

တံငါသည် (BL) Where stories live. Discover now