အပိုင်း (22. 2)

2.4K 313 0
                                    

(22. 2)

သူတို့ နှစ်ယောက် အပြင်ကို လမ်းလျောက်ပြီး ထွက်သွား တာ တောင်မှ ကျိုးကောအာ က အခုချိန်ထိကို အသိစိတ် ပြန်ဝင် မ လာသေးပဲ ငေးမှိုင် နေလေတယ်။

လူတိုင်း ကလည်း အနည်းငယ် တော့ ရှက်ရွံ့ နေကြ လေတယ်။ ပြီးတော့ ကျောက်ချင် အကြောင်း ကို သူတို့ တစ်ခုခု ပြောပြ ဖို့ရာ အနည်းငယ် ခက်ခဲ လေတယ်။

အဆုံးမှာတော့ ကျောက်ချင် ရဲ့ အချစ် တွေကို ချောင်ဖန် ပေါ်မှာ အမြစ်တွယ် နေတာ ဖြစ်ပြီးတော့ ထိုခေတ်မှာ က အမျိုးသား တစ်ယောက်ဟာ  ဇနီး ၃ ယောက် နဲ့ ကိုယ်လုပ်တော် ၄ ယောက် ရှိတာ မျိုး က ပုံမှန် ပဲ ဖြစ်လေတယ်။

ရွာထဲမှာ က ပုံမှန် တစ်လင်တစ်မယား သာလက်ထပ် ကြတယ် ဆိုတာဟာ ရွာသားတွေက ဆင်းရဲ ကြလို့ ဖြစ်ပြီးတော့ ဇနီး တစ်ယောက် ယူဖို့တောင် မတက်နိုင် ကြလို့ပဲ ဖြစ်လေတယ်။

ဒါပေမယ့် ကျောက်ချင် မှာတော့ ယူနိုင်တဲ့ အစွမ်းအစ ရှိလေတယ်။ ပြီးတော့ ဒီလောက်လှ တဲ့ ကောကို ပါ လက်ထပ်ထား ပြီးတော့ လှပတဲ့ မိန်းကလေး ကိုပါ ဆွဲဆောင် ထားနိုင်တာ က သူ့ရဲ့ ကံကောင်းမှု ပဲ ဖြစ်လေတယ်။ သူတို့က မနာလိုလို့ ရလာနိုင်မယ့် ကိစ္စမျိုး မဟုတ်ပါပေ။

ဟုတ်တာပေါ့ ကျိုးကောအာ ကလည်း ဒီအမှန်တရား ကို သိလေတယ်။ ဒါကြောင့် မလို့ အစောပိုင်း က ချောင်ဖန် ပေးတဲ့ ကောင်းချီး ကို သူသံသယ ဝင်ခဲ့တာပဲ ဖြစ်လေတယ်။

အဲ့တာ က သူ့ကို လိမ်ချင်နေတာ ဖြစ်ကောင်း  ဖြစ်နိုင် ပါတယ်။ သူက ချောင်ဖန် ကို ယှဥ်နိုင်မယ်လို့ အစကတည်းက ယုံကြည်ချက် မျိုး ရှိမနေ ပါပေ။

တကယ်လို့ ကျောက်ချင် ကသာ သူမကို ဒီနေရာမှာ ခေါ်ထား ချင်ရင် ဂူထဲက လူတိုင်း က သူ့ဘက်ကနေ ပဲရပ်တည် ပေးကြလိမ့်မယ် လို့ ကျိုးကောအာ သိပြီးသား ပဲ ဖြစ်လေတယ်။

အသက်အရှည်ကြီး ရှုသွင်း ထုတ် ပြီးတဲ့နောက် ကျိုးကောအာ ဂူ ကို မှီထား ပြီးတော့ ခေါင်းကို တစ်ဖက် မှာ ငုံ့ထားပြီးတော့ မျက်လုံးတွေ ကိုလည်း နိမ့်ချ ထားခဲ့လေတယ်။

'' ကျိုးကောအာ ''

တစ်စုံတစ်ယောက်က သူ့ရဲ့ နာမည်ကို ခေါ်တာ ကြားတော့ သူက ခေါင်းလေး ကို လှည့်ကာ ခေါ်တဲ့ လူကို ကြည့် လိုက်လေတယ်။

တံငါသည် (BL) Donde viven las historias. Descúbrelo ahora