အပိုင်း (8. 1)

2.3K 357 2
                                    

(8. 1)

ကျိုးကောအာ က မနက်ခင်းစောစော နိုးလာခဲ့လေတယ်။ ပြီးတော့ သူနိုးလာတဲ့ အချိန်မှာ မနေ့ည က သောက်ခဲ့တဲ့ အတွက်ကြောင့် အရမ်းကို ပင်ပန်း နေတယ်လို့ ခံစားခဲ့ ရတယ်။

ခါတိုင်းဆို သူက အိပ်ယာနိုးလို့ ရှိရင် သူက တိတ်တိတ်လေး ထရပ်ပြီးတော့ အိပ်နေတဲ့ ကျောက်ချင် ကို မနိုးစေပဲ အသာလေး လုပ်လေ့ ရှိပေမယ့် ဒီနေ့တော့ ထဖို့ရာ ခက်ခဲလေတယ်။

သူက မထတောင် မထနိုင်ဘူး ။

သူက မျက်လုံး ကိုလည်း ဖွင့်လိုက်ရော သူက ကျောက်ချင် ရဲ့ မေးစေ့ ကို တွေ့လိုက်ရလေတယ်။

ကျိုးကောအာ က တစ်ခဏလောက် မတုံ့ပြန်နိုင်သေးခင် မှာပဲ ကျောက်ချင် က သူ့ရဲ့လက်မောင်းထဲကို ကျိုးကောအာ အားတိုးဖက် လိုက်တဲ့ အတွက်ကြောင့် ကျိုးကောအာ အခုတော့ သူ့ရဲ့လက်မောင်းတွေ ကြားထဲ ရောက်နေလေတယ်။

ကျိုးကောအာ က အရမ်းကို မွှန်ထူသွားလေတယ်။

အဖတ်ခံလိုက်ရပြီး တဲ့နောက် သူ့ရဲ့ ဦးနှောက် က မှုန်မှိုင်း သွားပေမယ့် မနေ့ညက သူ ဟာ ကျောက်ချင် ကို ပြောခဲ့တဲ့ စကားတွေ ပြန်မှတ်မိတာ ကိုတော့ အကျိုးသက်ရောက် မှုမရှိပါပေ။

သူက မျက်လုံးကို ပြန်မှိတ်ကာ လှည့်လိုက်ပြီးတော့ ခေါင်းအုံးထဲကို နစ်မြုပ်ထားလိုက်တော့တယ်။

ကျိုးကောအာရဲ့ မျက်နှာက အနီရောင်သန်းနေခဲ့တယ်။

မနေ့ည က ဝိုင်သောက် ပြီးတော့ ကျောက်ချင်ကို ဘယ်လိုတွေ သူပြောမိခဲ့တာ ပါလိမ့်နော်။

ကျိုးကောအာ ရဲ့လှုပ်ရှားမှုကြောင့် ကျောက်ချင် နိုးလာခဲ့လေတယ်။

ကျောက်ချင် က ညောင်းကိုက်နေတဲ့ မျက်လုံးကို ဖွင့်လိုက်လေတယ်။ သူက မနေ့ည တုံးက ဘယ်အချိန် ကျမှ အိပ်ပျော် သွားသလဲ ဆိုတာ ကို မမှတ်မိပါပေ။

သူက သူ့ဗိုက်ပေါ်မှာ အိပ်နေတဲ့ ကျိုးကောအာ ကို ကြည့်ကာ နောက်တော့ သူ့ရဲ့ ငတုံးလက်ကို ဖယ်လိုက်ကာ ခဏအေးခဲ သွားပြီးတော့မှ ပုတ်ပေး လိုက်တယ်။

'' မင်းအစောကြီး နိုးနေတာလား? ''

ကျိုးကောအာ က ဝေဝေဝါးဝါးနဲ့ ပြန်ဖြေလိုက် လေတယ်။ သူက ကျောက်ချင်ကိုတော့ မော့မကြည့်ရဲ ပါပေ။

တံငါသည် (BL) Where stories live. Discover now