အပိုင်း (24. 1)

1.7K 286 5
                                    

(24. 1)

'' ကျိုးရှောက်ယု! ''

ဘယ်သူကမှ ပြန်မဖြေတဲ့ အတွက် ကျောက်ချင် က ထပ်ပြီးတော့ အော်လိုက် လေတယ်။

'' ကျိုးရှောက်ယု ''

ကျိုးကောအာ ​က ပြန်မဖြေပဲနဲ့ အရှေ့ကိုသာ ဆက်ပြီးတော့ လျောက်သွား နေလေတယ်။

ကျောက်ချင် က အရှေ့ကိုပဲ တုန်ချိချိ နဲ့ ဆက်လက် လျောက်လှမ်းနေတဲ့ ပုံရိပ်လေး ကို ကြည့်ကာ အတော်လေးကို စိုးရိမ်စိတ် တွေ များသွား လေတယ်။

သူက မြန်မြန်ပဲ အနောက်ကနေ လိုက်သွား ပြီးတော့ ကောင်လေး ကို အနောက်ကနေ ပွေ့ဖက် လိုက်တယ်။ သူ့လက်မောင်း ထဲက ကောင်လေး ကတော့ အကြိမ်ရေ တစ်ချို့ ရုန်းကန် နေပါသေးတယ်။ ဒါပေမယ့် ကျောက်ချင်က သူ့ရဲ့ လက်တွေကို ဖြေပေး ရမယ့် အစား ပိုလို့တောင် တင်းကြပ် လိုက်လေတယ်။

ကောင်လေး က ရုန်းနေတာ ရပ်သွား ပြီးတော့ နှစ်ယောက် သား ထိုပုံစံ အတိုင်း အချိန်အနည်းငယ် ကြာအောင် ရပ်နေ ခဲ့လေတယ်။

ကျောက်ချင် က တစ်စုံတစ်ခု အမှားလုပ်မိတဲ့ ကလေး တစ်ယောက် လိုမျိုး အသံတိုးတိုး လေးနဲ့ ပြောလာခဲ့တယ်။

'' ကိုယ်တောင်း ပန်ပါတယ်။ ကိုယ် မင်းကို မအော်လိုက် သင့်ဘူး! ''

ကျောက်ချင် က သူ့ရဲ့ မေးစေ့ကို ကျိုးကောအာ ရဲ့ ပုခုံး အသေးလေး ပေါ်မှာ တင်ပြီးတော့ သူ့ရဲ့ အသံက တဖြေးဖြေး နဲ့ အက်ကွဲ လာခဲ့လေတယ်။

'' အဲ့လူ က ဘယ်သူလဲ လို့ ။ ဖြစ်နိုင်ရင် ကိုယ့်ကို ပြောပြ ပါကွာ နော် ''

ကျိုးကောအာ က ရုန်းထွက်ပြီးတော့ ကျောက်ချင် ရဲ့ လက်မောင်းတွေ ကြားထဲ ကနေ လမ်းလျောက်ပြီး ထွက်သွားတော့တယ်။ သူက သူ့ရဲ့ ခေါင်းကို တစ်ဖက်ကို လှည့်ကာ သူ့ရဲ့ ပုခုံးတွေ ကလည်း အနည်းငယ် တုန်ရီ နေလေတယ်။

'' ဘာဖြစ်တာ လဲ။ သူက မင်းကို အနိုင်ကျင့် တာလား ''

ကျောက်ချင် က ကျိုးကောအာ ရဲ့ ပုခုံးလေး ကိုဖိလိုက် ပြီးတော့ ငိုနေတယ် ဆိုတာ ကိုတွေ့လိုက် ရတဲ့ အခါ သူ့ရဲ့ မျက်လုံးတွေက ရုတ်တရက် ပဲ တဖြေးဖြေးနဲ့ ကြောက်စရာ ကောင်းလာ လေတယ်။

တံငါသည် (BL) Where stories live. Discover now