အပိုင်း (42.3)

1.3K 196 0
                                    

(42.3)

ခေါက်ဆွဲဆိုင် က ပိုင်ရှင် လူအိုကြီး က ထိုအချိန်မှာ ဝယ်သူ သိပ်မရှိပေ။ ဒါကြောင့် သူက စကားလှမ်း ပြောလိုက် လေတယ်။

'' မင်း ဒီနေ့လည်း စျေးဆိုင်ကို အစောကြီး ပိတ်အုံး မလို့လားကွ ''

'' အခု က ကုန်ခါနီး နေပြီလေ။ ဒီမှာ ရောင်းချ ဖို့ ပင်လယ်ငါး အသေးလေး တွေ တစ်ချို့ပဲ ကျန်တော့ တယ်ရယ် ''

ထိုစကား ပြောပြီးတာနဲ့ သူ့စျေးဆိုင် ဆီကို သွားပြီးတော့ ကျန်နေ သေးတဲ့ ဟာတွေကို ယူလိုက်လေတယ်။ သူက ကျန်နေသေးတဲ့ ငါး ၃ ကောင်ကို ယူလာလေတယ်။ ငါးတွေ က အရမ်းကြီး မကြီးပေမယ့် စွပ်ပြုတ်လုပ် သောက်လို့ ရသလို ပေါင်းစား လည်း   ရ လေတယ်။ သူက အဲ့ငါး တွေကို ပြန်ယူ သွားဖို့ အထိ အလုပ်ရှုပ် မခံချင်ပေ။ ဒါကြောင့် ခေါက်ဆွဲဆိုင် က လူအိုကြီး ကို ပေးမလို့ ပဲ ဖြစ်လေတယ်။

လူအိုကြီး က ထပ်တလဲလဲ ငြင်းပယ် ခဲ့လေတယ်။ သူက နေ့တိုင်းပဲ ဘာဘီကျုးဆိုင် ဘေးမှာ စျေးရောင်း ရတဲ့ အတွက်ကြောင့် ပင်လယ်စာတွေ က တကယ် စျေးမပေါဘူး ဆိုတာကို သိလေတယ်။ ပြီးတော့ အဲ့တာ တွေကို သူ့ရဲ့ ခေါက်ဆွဲလုပ်တဲ့ ဂျုံတစ်ခွက် တန်ဖိုးနဲ့တောင် နှိုင်းလို့ မရ ဘူးဆိုတာ ကိုပါ သိလေတယ်။

'' ဘယ်လို မျိုး ယူနိုင်ရမှာလဲ!  မယူပါဘူး ကွာ! ''

'' ယူလိုက်ပါ ဗျာ။ ပြီးတော့ ရေတစ်အိုး တိုက်တဲ့ အတွက် လည်း ကျေးဇူးပါ ပဲဗျာ ''

ဒီကိုလာ ပြီး စျေးရောင်း တဲ့ သူတွေ ကလည်း ဘဝ ကို အသက်ရှင် နေထိုင်ဖို့ အတွက် လာရတာ ဖြစ်တဲ့ အတွက်ကြောင့် လွယ်ကူ နေကြတာ မဟုတ် ပါပေ။

အကြိမ်ရေ များများ ဖြောင့်ဖျ ပြီးတဲ့နောက် ဆိုင်ရှင်လူ ​အိုကြီး က လက်ခံ လိုက်ပြီးတော့ အနာဂတ်မှာ သူ့ရဲ့ ခေါက်ဆွဲ ဆိုင်မှ ခေါက်ဆွဲကို အလကား လာစားလို့ ရပါတယ်လို့ ပြောခဲ့ လေတယ်။

စျေးဆိုင် သိမ်းပြီးတာနဲ့ အကင်အိုးကို သံပန်းပဲ ဆိုင်ဆီ ပြန်သွားထား ခဲ့လေတယ်။ အပြန်လမ်းမှာ အသစ်ဖွင့်ထားတဲ့ အသီးခြောက် ဆိုင်ကို သူတွေ့တော့ စိတ်အား ထက်သန်စွာနဲ့ လမ်းလျောက် သွားလိုက် တော့လေတယ်။

တံငါသည် (BL) Donde viven las historias. Descúbrelo ahora