အပိုင်း (32.2)

897 150 2
                                    

(32.2)

'' အကိုရှောက်ယု ၊ ကျွန်မ တောင်းပန်ပါတယ် ''

'' မင်း က ငါ့ကို တောင်းပန် စကား ပြောစရာ မလိုပါဘူး ''

ကျိုးကောအာ သူမရဲ့ လက်ထဲက ပုဝါလည်စီး ကို ကြည့်လိုက် လေတယ်။

'' အဲ့တာ ဆို အဆင် ပြေ သွားပြီလေ။ ဒါက အကိုကျောက် အတွက်လား ''

ဟော်လင်းလင်း က လက်ထဲက ကော်လာ ကို တင်းကြပ်စွာ ကိုင်ထား ပြီးတော့ သူမက ခေါင်းလည်း မငြိမ့်ပြ သလို ခေါင်းလည်း မယမ်း ရဲခဲ့  ပါပေ။

'' အမှန်တော့ နင့်ရဲ့ ရည်ရွယ်ချက် အမှန်ကို ငါသိခဲ့တာ က အတော်လေး ကို ကြာနေ ပါပြီ။ ငါက မင်း အကိုကျောက်ကို ကြိုက်နေတာ ကို တားဆီး မှာတော့ မဟုတ်ပါဘူး ''

သူက ထပ်ပြီတော့ ပြောလိုက်တယ်။

'' တကယ်လို့ မင်းက အကိုကျောက်ကို ကြိုက်တယ် ဆိုရင် မင်း ကိုယ်တိုင် ပဲ ပြောလိုက်ပါ။ တကယ်လို့ သူကလည်း မင်းကို ကြိုက်တယ် ဆိုရင် ငါ့မှာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး ''

ကျိုးကောအာ က ဒီလောက်ထိ ကို သဘောထား ကြီးပေး မယ်လို့ သူမ မထင်ထား ခဲ့ မိပါပေ။ သူမရဲ့ မျက်လုံးတွေထဲ မှာ မျှော်လင့်ချက် တွေနဲ့ တောက်ပ နေပြီးတော့ သူမရဲ့ လက်တွေနဲ့ ကျိုးကော အာကို စိတ်လှုပ်ရှား စွာ ကိုင်လိုက် လေတယ်။

'' ကျေးဇူးပါ ပဲ အကို ရှောက်ယု! ''

ကျိုးရှောက်ယု ရဲ့ အတွေးထဲ မှာတော့ ယောကျာ်း တွေက မိန်းမ ထပ်ယူလည်း မမှားပါဘူး လို့ တွေးမိလေတယ်။ သူ့ရဲ့ စိတ်ထဲမှာ ဝမ်းနည်း မှုက အနည်းငယ် တော့ ပေါ်ပေါက် လာလေတယ်။

ဒါပေမယ့် ဝမ်းနည်း မှုက တစ်ကိုယ်လုံး မပျံ့သွားခင် မှာပဲ ဂူထဲကို ပြန်ရောက်လာတဲ့ ကျောက်ချင် ရဲ့ အော်လိုက်တဲ့ အသံကြောင့် သူ့ခမျာ လန့်သွား တော့တယ်။

ကျောက်ချင် က ဟိုဘက် ဂူဆီ ပြန်ရောက်တဲ့ အခါ ကျိုးကောအာ က သူ့ကို စောင့်မနေ ပဲ ပြန်သွား ခဲ့ ပြီ ဆိုတာကို တွေ့လိုက် ရလေတယ်။ ဒါကြောင့်မို့ သူက မြန်မြန် ပြန်ပြီးတော့ လိုက်ကာကို မကာ ဂူအသေးထဲကို ဝင်လိုက်တဲ့ အချိန် အထဲက လူနှစ်ယောက် က တစ်ယောက် ကို တစ်ယောက် ဆွဲလား ရမ်းလား လုပ်နေ တဲ့ အတွက်ကြောင့် ကျောက်ချင် က စိတ်တိုကာ အော်လိုက်တာ ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now