အပိုင်း (43.3)

678 142 0
                                    

(43.3)

သူ့ဘေး က တစ်ခြားဆိုင် တွေက ပိတ်သွား တယ် ဆိုပေမယ့် လည်း ဆိုင်သိမ်း ဖို့ကို ကျောက်ချင် က အလျင်မလို ပါပေ။ တကယ်လို့ သူ့ဆိုင် ကို နောက်ကျ မှ သိမ်းလည်း အဲ့တာ က ဘာကိစ္စ မှ မရှိတော့ ပါပေ။

ကျိုးကောအာ က ထိုအချိန်မှာ ညစာ အတွက် ပြင်ဆင် နေပြီ ပဲ ဖြစ်လေတယ်။ နွေရာသီ ညများမှာ အစာစားဖို့ ဆိုတဲ့ နေရာမှာ ဆန်ပြုတ်စွတ်​ပြုတ် တစ်ချို့ က ပိုပြီးတော့ ကောင်းလေတယ်။

ကျောက်ချင် က အာလူး ကို မီးဖုတ် လိုက်ပြီးတော့ နှစ်ယောက် သား အတူတူ ဆန်ပြုတ်နဲ့ တွဲဖက် ပြီးတော့ စားသောက် ခဲ့ လေတယ်။

နှစ်ယောက် စလုံးက ညစာ ကို ဖြေးဖြေး ချင်း စားပြီးတော့ မှ နောက်နေ့ အတွက် ရောင်းချ မယ့် ပစ္စည်း တွေကို ပြင်ဆင် ကြတော့ လေတယ်။

တစ်ခါတစ်လေ လေအေး ခံဖို့ ထွက်လာ ကြတဲ့ သူတွေက ထိုဆိုင်လေး အခုချိန်ထိ ကို မပိတ်သေးတာ ကိုတွေ့တော့ အဲ့ဆီကို လမ်းလျောက် လာပြီးတော့ အကင် ချောင်း တစ်ချို့ ဝယ်စား ကြလေတယ်။

ဘာဘီကျုးရဲ့ မွှေးရနံ့က အတော်လေး လျစ်လျု ရှုထားဖို့ မဖြစ် နိုင်ပေ။

လမ်းကြားလေး အတွင်းကနေ တစ်ခါ တစ်လေ အသားကင် ရနံ့တွေက ပျံ့လွင့် လာလေ့ ရှိလေတယ်။

မနက်ဖြန် အတွက် ပစ္စည်းတွေ ကို ပြင်ဆင် ပြီးသွားတဲ့ နောက် အခုချိန်ထိ ဆိုင်တံခါး မပိတ် ရ သေးတာ ကို တွေ့တော့ ကျိုးကောအာ က မေးလိုက် လေတယ်။

'' အပြင်ဘက် မှာ စျေးဝယ်သူ တွေ မရှိတော့ ဘူးလေ။ ဘာလို့ အခုထိ ဆိုင်တံခါး မပိတ်ရ သေးတာလဲဟင်? ''

နှစ်ယောက် လုံးက ခုံတန်းရှည် ပေါ်မှာ ထိုင်နေ ကြပြီးတော့ ကျောက်ချင် ကတော့ ခြေထောက်ကို တစ်ခြားနေရာ မှာ ဆန့်ထုတ် ထားလေတယ်။

​ကျောက်ချင် က နောက်ကျော ကိုတော့ ကျိုးကောအာ စီ မှီထား လေတယ်။ ထိုအနေအထား က ကိုယ်တစ်ခု လုံး မှီထားဟန် ပေါ်လေတယ်။ သူတို့ဆီမှာ စွဲနေတဲ့ အကင်နံ့တွေ ရနေ ပေမယ့် နှစ်ယောက် လုံးက တစ်ယောက် ကို တစ်ယောက် မကြိုက်တာ မျိုးတွေ မရှိ ခဲ့ပါပေ။

တံငါသည် (BL) Where stories live. Discover now