အပိုင်း (41.1)

919 147 0
                                    

(41.1)

ကျောက်ချင် က ပွဲ အခမ်းနားကို အရမ်း အာရုံစိုက်ထားတာ ပဲ ဖြစ်လေတယ်။ သူက ကျိုးကောအာ ရဲ့ မွေးနေ့ပွဲ အတွက် တင်သာမက ရွာသားတွေ အကုန်လုံးကို ဖိတ်ကြား ပြီးတော့ ကျိုးကောအာ ကို မင်္ဂလာ ဆောင်ချင် သေးတာပဲ ဖြစ်လေတယ်။

သူက လက်ထပ်ပြီ ဆိုမှတော့ ရှောက်ယုလေး ရ သင့်တာ တွေ အကုန်လုံး ကို သူက ပေးသင့်တာ ပေါ့။

ပွဲမတိုင်ခင် တစ်ရက် အလိုမှာ ကျောက်ချင်က ကျိုးကောအာ ကို မခေါ်ခဲ့ ပဲနဲ့ စျေးထဲကို တစ်ယောက် ထဲ သွားကာ အပ်ချုပ် ဆိုင်ဆီမှာ အဆင်သင့်ချုပ်ပြီးသား  မင်္ဂလာ ဝတ်စုံတွေ ကို သွားရွေး ခဲ့ လေတယ်။

အနီရောင် မင်္ဂလာ ဝတ်စုံ က တောက်ပ ရိုးရှင်း ပြီး​တော့ အရမ်း ကို ကျက်သရေ ရှိလေတယ်။ ကျောက်ချင် က အရမ်း ကို စိတ်ကျေ နပ်နေ လေတယ်။

'' မောင်လေးရယ် ၊ မင်း က မင်္ဂလာ ဆောင်မှာ ဆိုမှတော့ နှုတ်ခမ်း ဆိုးဆေး တွေနဲ့ ချောဆီ တွေ ပါ တစ်ခါ တည်း ဝယ်သွား သင့်တယ် နော်။ အမ တို့ဆီုင် က အဝတ်အထည် တွေ ချုပ်ရောင်း တယ်ဆို ပေမယ့် မင်္ဂလာ ပွဲနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ အကုန် ရှိပါတယ်ကွယ်။ တကယ်လို့ မင်းသာ ပါးနီဆေး တစ်ချို့ ဝယ်ပေးရင် မင်းရဲ့ မိန်းကလေး ကတော့ အရမ်းကို ပျော်ရွှင် နေတော့မှာရယ် ''

ထိုစကား ကို ဆိုင်ပိုင်ရှင် အမျိုးသမီး က​ပြောလိုက် တာပဲ ဖြစ်လေတယ်။

ကျောက်ချင် က သူမကို ကြည့်လိုက်လေတယ်။ ဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောရင်း ဆိုရင်းနဲ့ ပုလင်းဘူး ဝိုင်လေး တွေကို မရပ်မနား ထုတ်ကာ စားပွဲပေါ် တင်လိုက် ပြီးတော့ အရောင်တွေကို လှစ်ဟ ပြလေတယ်။

အနီရောင် ၊ ပန်းရောင် ၊ လိမ္မော်ရောင် နဲ့ အဖြူရောင် စသည်ဖြင့်..... ။

ကျောက်ချင် က အဲ့တာ တွေကို ကြည့်ရင်း မျက်မှောင် ကြုတ်လိုက် ​လေတယ်။

ကျိုးရှောက်ယု ရဲ့ မျက်နှာလေး မှာ ဒီလိုအရာ မျိုးတွေ ခြယ်သ ဖို့ လိုအပ် သေးလို့လား?

အဲ့တာ တွေ သာ အကုန်ခြယ်သ လို့ ကတော် မင်္ဂလာဦး ညမှာ ဘာမှ မလုပ်လိုက် ရပဲ အော်ပရာ ဆိုတာ နဲ့တင် ပြီးသွား လောက်တယ်။

တံငါသည် (BL) Where stories live. Discover now