အပိုင်း (3.1)

2.6K 403 4
                                    

(3.1)

ကျောက်ချင်နိုးလာတော့ အဲ့တာက နေ့လည်ခင်းတောင် ဖြစ်နေခဲ့ ပါပြီ။ သူက သဘာဝ အတိုင်း နိုးလာရမယ့် အစား အိမ်အပြင်ဘက်က အမော တကော ပြောနေတဲ့ အသံကြောင့် နိုးလာတာ ပဲ ဖြစ်လေတယ်။

သူက အသားကင် ( ဘာဘီကျူး) လုပ်ငန်းကို လုပ်တဲ့ စီးပွားရေး သမားတစ်ယောက် ပဲ ဖြစ်တယ် ။

သူက အလင်းနဲ့ အမှောင် ကို နေသားကျနေခဲ့ ပါပြီ။ သူက ညဘက်မှာ အလုပ် လုပ်ပြီးတော့ နေ့အချိန်ဆို အိပ်လေ့ရှိတယ်။ ထပ်ပေါင်းပြော ရရင် သူက မနေ့က တစ်ရက်လုံး ပင်ပန်းနွမ်းနယ်ခဲ့တဲ့ အတွက်ကြောင့် သူက အချိန်အတော်ကြာထိ အိပ်ပျော် သွားခဲ့တာ ပဲ ဖြစ်လေတယ်။

သူက အိပ်ယာပေါ် က ထလိုက်တဲ့ အချိန်မှာတော့ မြေပြင်ပေါ် မှာ အိပ်တဲ့ ကျိုးကောအာ က ထွက်သွား ပြီ ဖြစ်ပြီးတော့ စောင်တွေကိုတောင်မှ ပြန်သိမ်းပြီး သန့်ရှင်းရေး လုပ်ပြီး သွားပြီပဲ ဖြစ်လေတယ်။

( mtl က တွေ့လား စိတ်မချ ရပါဘူးဆို 😣)

သူက ဖိနပ်အပါးကို စီးကာ သူ့စိိတ်တွေက အနည်းငယ် ထွေပြား နေဆဲ ဖြစ်ပြီး အိမ်ရှေ့ ခန်းထဲကို လမ်းလျောက် ဝင်သွားတော့ ကျိုးကောအာ က ထိုင်နေတာ ကို တွေ့လိုက်ရတယ်။

သေးငယ်တဲ့ ခုံတန်းရှည်လေး ပေါ်မှာ ​ခြေထောက် တစ်ဖက် က စောင်းရွဲ့နေကာ နဖူးမှာလဲ ချွေးစေးလုံးတွေ ထွက်နေပြီးတော့ များစွာသော သွေးခြေရာ တွေက ကြမ်းပြင်ပေါ်မှာ ရေတွေနဲ့ အတူ ရောထွေးနေခဲ့လေတယ်။ ပြီးတော့ ထိုင်ခုံလေး ရဲ့ ဘေးနားလေးမှာ လည်း သွေးအိုင်ငယ်လေး တစ်ခုကို တွေ့လိုက်ရလေတယ်။

'' ဘာတွေ ဖြစ်သွားတာလဲ! ''

အိပ်ချင်မူးတူး စိတ်က ချက်ချင်းပဲ နိုးကြား သွားပြီးတော့ ထိုနေရာကို အမြန်သွား လိုက်လေတယ်။

ကျိုးကောအာ က ကျောက်ချင် တစ်ယောက် အခန်းထဲကို ဝင်လာမှန်း မသိတဲ့ အတွက်ကြောင့် လန့်သွားကာ အနောက်ကို ဆုတ်လိုက်မိလေတယ်။

ကျိုးကောအာ က ကျိုးနေတဲ့ ခြေထောက်ကို ကြမ်းပြင်မှာ ချမိလိုက်ပြီးတော့ သူ့ကို တုန်လှုပ် ကြောက်လန့်စွာ နဲ့ ကြည့်နေခဲ့လေတယ်။

တံငါသည် (BL) Where stories live. Discover now