အပိုင်း (42.1)

1K 156 2
                                    

(42.1)

ကျောက်ချင် က အခန်းထဲကို ဆန်ပြုတ် တစ်ပွဲ ယူလာ ခဲ့လေတယ်။ မနေ့ည က အိပ်ယာ တိုက်ပွဲ က အတော်လေး ကို စိတ်ကျေ နပ်စေ ခဲ့တယ်လေ။ ဒါကြောင့် နောက်ဆုံးမှာ အသားစား လိုက်ရတဲ့ လူအိုကြီး ခမျာ ပြုံးဖြီး နေခဲ့ လေတယ်။ ယ

အိပ်ယာပေါ်မှာတော့ လူငယ်လေး က စောင်နဲ့ ကိုယ်ကို ပတ်ထား ပြီးတော့ လှဲနေကာ ကျောက်ချင် ဘက်ကို နောက်ကျော ပေးထား ရင်း  လုံးဝ ကို မလှုပ်ခဲ့ ပါပေ။

ကျောက်ချင် က လမ်းကို ခပ်ဖွဖွ ပဲ လျောက်လာ ရင်း နဲ့ သူ့စိတ် ထဲမှာတော့ အတော်လေး ကို အံ့အား သင့်နေ လေတယ်။

ဘာကြောင့် များ ကောင်လေး က အခုချိန်ထိ နိုးမလာ ရသေးတာ လဲ?

ဟုတ်ပါတယ် အကြာကြီး ထိန်းချုပ်ထား ခဲ့ ရတဲ့ လူ တစ်​ယောက် ဖြစ်တဲ့ အတွက်ကြောင့် မနေ့ည က သူအတော် များများ ကြမ်းတမ်း မိခဲ့ ပါတယ်။ ဒါပေမယ့် အဲ့တာ က အကြောင်းအရင်း တစ်ခု မဟုတ်ဘူး ဆိုတာ က်ို ကျောက်ချင် က ထင်နေ ခဲ့ပါတယ်။

ဒီအရူးလေး က  မကောင်းမွန်တဲ့ တစ်စုံ တစ်ရာ ကို ပြောခဲ့တဲ့အတွက် ကြောင့် သူက အဲ့တစ်စုံ တစ်ရာကို ကောင်းကြောင်း သက်သေ ပြဖို့ ကြိုးစား ခဲ့တာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် စောင်ပြုံထဲ မှာ နစ်မြုပ် ကြုံ့ဝင် နေတဲ့ ဆယ်ကျော်သတ် လေးရဲ့ နောက်ကျော လေးကို တွေ့တော့ ကျောက်ချင် တစ်ယောက် စိတ်ဖိစီး မှုကို ခံရ နေဆဲ ပါပေ။

'' ရှောက်ယု ၊ မင်း နိုးပြီ လားဟင် ''

ကျိုးကောအာ က နံရံကို မျက်နှာ မူထား လေတယ်။ ထိုတစ်ခဏ မှာပဲ သူက နိုးလာ ပြီ ဖြစ်တာ ကြောင့် မျက်လုံးကို ဖွင့်ကာ အပြင်ဘက် ကို လှမ်းကြည့် လိုက်လေတယ်။

အပြင်မှာ နေက ထွက်နေ ပြီဆိုတာ ကိုတွေ့လိုက် ရတော့ သူ အတော်လေး ကို တုန်လှုပ် သွားလေတယ်။ အရင်တုံးက ဟင်းချက်ဖို့ ထတဲ့ အချိန်တိုင်း ဒီလောက် နောက်ကျတဲ့ အထိ ဘယ်တုံး ကမှ မအိပ်ပျော် ခဲ့ဘူး ပါပေ။ သူက ဟင်းချက် ရမှာကို အမှတ်ရ သွားတာ ကြောင့် အိပ်ယာ ပေါ်ကနေ အတင်းရုန်းကန် ပြီး ထခဲ့ပေမယ့် ခြေထောက်နဲ့ ကြမ်းပြင် လည်း ထလိုက်ရော အောက်ကို ပုံလျက် လဲကျလု နီးပါး ဖြစ်သွား တော့ လေတယ်။

တံငါသည် (BL) Where stories live. Discover now