အပိုင်း (19.2)

2.2K 324 0
                                    

(19. 2)

သားကောင် ဖမ်းမိတဲ့ ထောင်ချောက် က မြစ် အနီးနားမှာ မဟုတ်ပါပေ။ ကျောက်ချင် ကလည်း အလုပ် လုပ်နေရာ ကနေ ကမ်းခြေ ပေါ်ကို တက်လာ ပြီးတဲ့နောက် တစ်ခြားလူ တွေက အဲ့နေရာ ဆီကို ပြေးသွား ကြပြီ ပဲ ဖြစ်လေတယ်။

''အကို ကျောက် ခများရော သွားပြီးတော့ မကြည့်ဘူးလားဟင်? ''

ကျိုးကောအာ က သူ့လည်ပင်း လေးကို ပြန်လှည့်ကာ သူ့အရှေ့က ရပ်နေတဲ့ အမျိုးသား ကို ကြည့်ကာ မေးလိုက်လေတယ်။

''သူတို့တွေ အများကြီး သွားပြီလေ ။ ကိုယ်သွားတာ မသွားတာ က ဘာ ကိစ္စ မှ မရှိပါဘူး ကွာ ''

ကျောက်ချင် က ရိုးရှင်းစွာ နဲ့ပဲ ကျိုးကောအာ ရဲ့ ဘေးနားမှာ ဝင်ထိုင် လိုက်လေတယ်။

'' ကိုယ် ဒီမှာ နေပြီးတော့ ဖမ်းမိထားတဲ့ ငါးတွေ ကိုပဲ စောင့်ကြည့်တော့မယ်လေ ''

ထိုစကား ပြောပြီးတဲ့နောက် ကျောက်ချင် က ထရပ်လိုက် ပြီးတော့ ခြင်းတောင်း ထဲကို ဖမ်းမိတဲ့ ငါးတွေ လောင်းထည့် လိုက်တယ်။

ပြီးတော့ ထို ​ခြင်းထဲကို ငါးတွေ သောက်ဖို့ ရေတစ်ချို့ ထည့်ပေး ရလေတယ်။ အဲ့လိုမှ မဟုတ်ရင် ငါးတွေက ဂူကို ပြန်ယူသွား တဲ့ အခါ သေနေ လောက် ပြီပဲ ဖြစ်လေတယ်။ ခြင်းထဲကို ရေထည့် ပေးပြီး တော့မှ ပြန်သွားထိုင် လေတယ်။

'' ကိုယ် ဒီနေ့ ငါးတွေ အများကြီး ဖမ်းမိ ခဲ့တယ်လေ။ ညနေခင်း ကျရင် စားဖို့ ငါးတွေ တော့ ရပြီပဲ ''

ကျိုးကောအာ က ခေါင်းကို ငြိမ့်ပြ လိုက်တယ်။ ပြီးတော့ နှစ်ယောက် သား က ကျောက်တုံး ပေါ်မှာ ဘေးချင်းကပ် လျပ် ထိုင်နေပြီးတော့ သူတို့ရဲ့ တံတောင်ဆစ် တွေကတော့ နီးကပ်နေခဲ့ လေတယ်။

နောက်ဆုံးတော့ သူတို့ နှစ်ယောက် ထဲပဲ ကျန်နေ ခဲ့တဲ့ အတွက် ကြောင့် ကျိုးကောအာ က သူ့စိတ်အခြေအနေ ပိုပြီးတော့ ကောင်းလာတယ် လို့ ခံစား မိလေတယ်။

ရာသီဥတု လိုမျိုးပေါ့ ။

သူ့စိတ် ထဲမှာ အနည်းငယ် ရွှင်ပြ နေပြီးတော့ မထိန်းနိုင်ပဲ သူ့ရဲ့ ပါးစပ် ထောင့်လေး ကို အပေါ်စီ ကော့တက် မိလိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now