အပိုင်း (15. 1)

3.1K 401 16
                                    

(15. 1)

သူတို့ ၄ ယောက် စားလို့ ပြီးခါနီး တဲ့ အချိန်မှာတော့ အိုးထဲမှာ ကြက်ရိုးစွပ်ပြုတ် တွေ အများကြီး ကျန်နေ သေးလေတယ်။

ကျောက်ချင် က အချိန်တိုင်း သူ့ဟင်းအိုး ထဲကို လှမ်းလှမ်း ကြည့်တဲ့ လူတွေကို ကြည့်လိုက် ပြီးတော့ သူ့ရဲ့ စိတ်ကို ရှင်းအောင် လုပ်လိုက်တယ်။

သူက တစ်ခဏ လောက် တွေးလိုက် ပြီးတော့မှ ပြောလိုက် လေတယ်။

'' တကယ်လို့ မင်းတို့ စွပ်ပြုတ် သောက် ချင် တယ် ဆိုရင် လာပြီးတော့ ခပ်ယူ ကြပါ ''

လူတိုင်း က တစ်ယောက် ကို တစ်ယောက် ကြည့်လိုက် ကြတယ်။ အမှန်တော့ သူတို့ဟာ ကျောက်ချင် အခုလို ပြောလာ မှာကို စောင့်နေတာ ပဲ ဖြစ်လေတယ်။

အခုတော့ သူကိုယ်တိုင် က ပေးတဲ့ အတွက်ကြောင့် ဘယ်သူကမှ သွားယူဖို့ မရှက်ကြတော့ပေ။

ဒါပေမယ့် တစ်ခဏတော့ ဘယ်သူ ကမှ ထပြီးတော့ မယူရဲကြ သေးပါပေ။

အမျိုးသမီး တစ်ယောက် က စပြီးတော့ ပြောလိုက်တယ်။

'' ကျောက်ချင် ၊ ငါ့သားလေး တကျု သောက်ဖို့ အတွက် ပန်းကန်တစ်လုံး အပိုလေး ပေးပါနော် ''

ကျောက်ချင် က ဘာမှ မပြောပဲ ခေါင်းသာ ငြိမ့်ပြ လေတယ်။

ထိုအမျိုးသမီး ရဲ့ ဦးဆောင်မှု နောက် ကနေ ရွာသား တွေက စတင်ပြီးတော့ တောင်းယူဖို့ ကြိုးစား လာခဲ့တယ်။ ပြီးတော့ တစ်ချို့ လူတွေ က စွပ်ပြုတ် ကို သွားပြီးတော့ ခပ်သောက် ကြလေတယ်။

အိုးထဲ က ကြက်စွတ် ပြုတ်က အမြန်ပဲ အောက်ခြေ ထိ ရောက်သွား လေတယ်။ လူတိုင်း က သူတို့ရဲ့ ပန်းကန်လုံး လေးတွေကို လက်ထဲမှာ ကိုင်ထား ကြလေတယ်။ စွပ်ပြုတ် ကိုသောက် ရတဲ့ အတွက်ကြောင့် ပျော်ရွှင်တဲ့ အမူအရာတွေကို သူတို့တွေက မကြာခဏ ဖော်ပြ နေ ​ကြလေတယ်။

အစောက အချိန်တုံး ကတော့ သူတို့က ကွဲပြားစွာ ဆက်ဆံ ခဲ့ ပြီးတော့ အခုကျတော့မှ တစ်မျိုးပြောင်း သွားတာ ကိုတွေ့လိုက် ရတော့ ကျောက်ချင် တကယ်ကို စိတ်ဆိုးမိပေမယ့် လူသား တွေရဲ့ သဘာဝ က ဒီလို မျိုးပဲလေ။ ပြီးတော့ သူက လူတိုင်းကို ဒီလိုမျိုး ပဲ ဆက်မသွားစေ ချင်တော့ပေ။

တံငါသည် (BL) Where stories live. Discover now