အပိုင်း (2.2)

2.8K 357 0
                                    

(2.2)

ကျိုးကောအာ က သူ့ရဲ့ ပန်းကန်လုံးထဲ ကိုတော့ ဇွန်းနဲ့ သာမန်ကာလျှံကာ ခပ်ထည့်လိုက်ပြီးတော့ ဆန်တွေ ကလည်း ကျဲတောက်နေကာ ဟင်းရည်ကလည်း ကြည်လု နီးပါး ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ကျောက်ချင်က အစောက ကျိုးကောအာ ပြောတာကို နားလည် သဘောပေါက် သွားလေတယ်။

'' ငါ့ကို ပန်းကန်လုံးပေး ''

ကျိုးကောအာ က သူ့ကို တစ်ချက် ကြည့်လိုက်လေတယ် ။

ကျောက်ချင် က ဘာကို ဆက်ပြီးတော့ မကျေမနပ် ဖြစ်ပြန်ပြီ လဲ ဆိုတာကို ကျိုးကောအာ မသိတော့ပါပေ။

ဒါက ခါတိုင်းလိုမျိုးပဲ အတူတူ ပဲ မဟုတ်ဘူး လား?

ဒါပေမယ့် သူက နာခံစွာနဲ့ပဲ ပန်းကန်လုံးကို ကမ်းပေး လိုက်ဆဲပါပဲ။

ကျောက်ချင် က ပန်းကန်လုံးကို ယူလိုက်ပြီးတော့ သူ့ပန်းကန် ထဲက အစားအစာ တွေကို ကျိုးကောအာ ထဲကို အကုန်လောင်းထည့် ပေးလိုက်တယ်။

ကျိုးကောအာ က ပန်းကန်လုံး အလွတ် ကို တွေ့တော့ မျက်မှောင်ကြုတ်မိလေတယ်။

နောက်တော့ ကျောက်ချင် က ကျိုးကောအာရဲ့ ပန်းကန်လုံးထဲက ဟာတွေကို တစ်ဝက်ပြန်ခွဲ ပြီးတော့ သူ့ပန်းကန်ထဲကို ထည့်လိုက်လေတယ်။ ပြီးတော့မှ သာ ကျိုးကောအာ ကို ကမ်းပေးလိုက်တော့တယ်။

ကျိုးကောအာ က ပန်းကန်ကို ကိုင်ထားပြီး ကြည့်နေကာ စကားလဲ မပြောသလို တူကိုလည်း မလှုပ်ရှား ခဲ့ပါပေ။ ပြီးတော့ သူ့မျက်နှာပေါ်မှာလဲ ထူးဆန်းတဲ့ အမူအရာတွေ ပေါ်နေခဲ့လေတယ်။

ကျောက်ချင် က သူ့ရဲ့ တူကို ကောက်ကိုင်ကာ ပြောလိုက်တယ်။

'' စားကြစို့! ''

သူက ဦးဆောင်ပြီးတော့ ငါးကို တူနဲ့ ယူကာ စားလိုက်လေတယ်။ ပင်လယ်ထဲက ငါး အရသာ နဲ့ မြစ်ထဲက ငါး အရသာ က အတော့်ကို ကွဲပြားလေတယ်။ အရမ်းကောင်းတဲ့ အရသာ တွေက ပါဝင်ပစ္စည်းတွေ အပေါ်မှာလဲ မှီခို ရတာလေ။ သူက ဘာဘီကျူး နဲ့ တစ်ခြားဟာတွေ ရောင်းခဲ့တာ ပဲလေ။

သူက ခါတိုင်းဆို ရင် ပိုပြီးလေးပင်တဲ့ အရသာ ထပ်ထည့်လေ့ ရှိပေမယ့် အခုတော့ သူဟာ အဲ့တာတွေကို ထည့်ချင်ရင်တောင် မတွေ့နိုင်တော့ပေ။ အခုချိန်မှာ စားဖို့ သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေတာကို ဟင်းခပ်အမွှေးအကြိုင် တွေက ဘယ်နားကနေ ရမှာတဲ့လဲ။

တံငါသည် (BL) Where stories live. Discover now